ဆရာတော်ကြီးများရဲ့ အဆုံးအမများ

စံကင်းဆရာတော်၏ ရွှေစကား

ကမ္ဘာသူ ကမ္ဘာသားတို့၏ အတွင်သန္တာန်၌

လောဘ၊ ဒေါသ၊ မောဟ တရားဆိုးကြီးများ

ထွန်းကားလွှမ်းမိုးနေသမျှ ကာလပတ်လုံး

နာမ်လောကဘက်မှ မတိုးတက်

မကောင်းမွန်သမျှ ကာလပတ်လုံး

ရုပ်လောက၏ တိုးတက်ကြီးပွားချမ်းသာရေးကို

မည်မျှပင်ကြိုးစား အားထုတ်စေကာမူ

အဆုံးတိုင် အောင်မြင်မှုမရနိုင်သည့်ပြင်

နာမ်လောကဘက်မှ တိုးတက်မှု မပါဝင်သည့်

ထိုရုပ်လောက၏ တိုးတက်မှုသည်ပင်လျှင်

ဤလောကကြီး ပျက်စီးဖို့ အကြောင်းတရားများ

ဖြစ်ပွားလာနိုင်ပေတယ်။

 

စွန်းလွန်ဆရာတော်၏ ရွှေစကား

အတိတ်ကိုလည်း မပြန်ကြနဲ့၊

အနာဂတ်ကိုလည်း မကြံနဲ့၊

ပစ္စုပ္ပန်တည့်တည့်ထား၊

အတိတ်ကိုပြန်တော့ ဒေါသဖြစ်တယ်၊

အနာဂတ်ကြံတော့ လောဘဖြစ်တယ်၊

ဒါကြောင့်.....

ပစ္စုပ္ပန်ကာလသည်သာ အရေးကြီးတာ။

 

ညောင်ရမ်းဆရာတော်၏ ရွှေစကား

ပရိယတ္တိသည် ရတနာသိုက်ရှိရာကို

ဖော်ညွန်းပြသော မြေပုံအညွန်းနှင့်တူသည်၊

ရတနာသိုက် တည်ရှိသောနေရာကို

လမ်းညွှန်သည့် မြေပုံအညွှန်းများ ရှိနေသရွေ့

ရတနာသိုက်ကြီး အချိန်မရွေး

သွားရောက် တူးဖော်စားသုံးနိုင်ပေသည်။

ထို့အတူ.....ပရိယတ္တိ ရတနာသိုက်

မြေပုံအညွှန်း တည်ရှိနေသရွေ့

ပဋိပတ္တိသာသနာ ပဋိဝေဓသာသနာ ရတနာ

သိုက်များ မပျောက်မပျက်

ဆက်လက် တည်ရှိနေနိုင်မည်သာဖြစ်သည်။

 

ရွှေဥမင်ဆရာတော်၏ ရွှေစကား

"သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ" ဆိုတော့

"သင်မကောင်းလျှင် ကျွန်ုပ်ဆိုးမယ်" ဆိုတဲ့သဘောပေါ့နော်။

ဒါဆို......

အတော်ကြောက်စရာ ကောင်းတာပေါ့နော်၊

သူတော်ကောင်းဆိုတာ သင်ကောင်းကောင်း

မကောင်းကောင်း ကျွန်ုပ်ကတော့

ကောင်းနေရမယ်လေ။

 

မဟာဂန္ဓာရုံဆရာတော်၏ ရွှေစကား

ခန္ဓာကိုယ် ခွန်အားရှိအောင် အစာအာဟာရကို

အချိန်တန်ရင် မစားချင်လဲစား စားချင်လဲစားရ

တယ်၊ ဒီလိုပါပဲ စိတ်ဓာတ်ခွန်အားရှိအောင်

တရားအလုပ်ကို မလုပ်ချင်လဲလုပ် လုပ်ချင်လဲ

လုပ် အချိန်မှန်မှန်လုပ်ရတယ်။

သူ့အကျိုး ကိုယ့်အကျိုး

နှစ်မျိုးလုံးကို ပြီးစေနိုင်ပါတယ်။

No comments:

Post a Comment