Sunday, June 15, 2014

လွတ်လပ်ရေး



       လွတ်လပ်ရေးကို လူတိုင်းအလိုရှိကြသည်။ ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မူ၊ ခေါင်းပုံဖြတ်မူ၊ တရားမမျှတမူ၊ မတရားတဲ့ အုပ်ချုပ်မူစသည်တို့မှ လွတ်မြောက်ချင်ကြပါသည်။ ဒါဟာ နိုင်ငံတိုင်းမှာ လက်ရှိလိုအပ်နေတဲ့ လိုအပ်ချက်ဖြစ်သည်။
သို့သော် ထိုအရာတို့မှ လွတ်မြောက်ရုံဖြင့် တကယ့်လွတ်လပ်ရေးကို ရတယ်လို့ ဆိုနိုင်ပါသလော။ တကယ့်လွတ်လပ်ေ၇းဆိုတာ အတွင်းမှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟတို့မှ လွတ်မြောက်ခြင်း၊ သံယောဇဉ်တို့မှ လွတ်မြောက်ခြင်းပင် ဖြစ်သည်။

       နိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ဆင်းရဲမွဲတေမူ၊ ဖိနှိပ်မူ စတာတွေဟာ အခြေခံအားဖြင့် လောဘ၊ ဒေါသ၊ မောဟတို့   ကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ဘုရားရှင်သည် "၀ါနမုတ္တော မဟေသယော"ဟူသည့်အတိုင်း တဏှာမှ လွတ်မြောက်တော်မူတဲ့အတွက် တကယ့်လွတ်လပ်ရေးအစစ်ကို ရတော်မူခဲ့ပါသည်။ ထို့အပြင် မိမိရဲ့ တပည့် လောက သားတွေကိုလဲ ထိုကဲ့သို့သော လွတ်လပ်ေ၇းအစစ်ကို ရစေချင်သည်။ ထို့ကြောင့် ရအောင်လုပ်ဖို့ နည်းလမ်းကို ပေးတော် မူခဲ့ပါသည်။ ထိုနည်းလမ်းကတော့ မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ပဲ ဖြစ်ပါသည်။
        ထို့ကြောင့် လွတ်လပ်ရေး အစစ်ကို အလိုရှိသူသည် ဘုရားရှင် ချမှတ်ခဲ့တဲ့ နည်းလမ်းမှ လွဲ၍ အခြားနည်း မရှိပါ။

No comments:

Post a Comment