Democracy is defined as the government of the
people, by the people, for the people.
တက္ကသိုလ်မှာတုန်းက မဟာသမ္မတမင်းနှင့်ပတ်သက်တဲ့
သင်္ခန်းစာတစ်ခု သင်ရပါတယ်။ ဒီမိုကရေစီဆိုတာ ခုနောက်ပိုင်း မှ ခေတ်စားလာတာမဟုတ်ပါဘူး။
ဟိုကမ္ဘာဦးကာလတွေကတည်းက ရှိခဲ့တာပါ။ ထိုခေတ်မှာတုန်းက အုပ်ချုပ်သူမရှိသေးပါဘူး။ ဒီလိုပဲ ကိုယ်သဘောနဲ့ကိုယ် ရှင်သန်နေခဲ့ကြတယ်။ အစပိုင်းမှာ အေးအေးချမ်းချမ်းပဲ သတ်တာဖြတ်တာမရှိ၊ လိမ်တာမရှိ၊ ခိုးတာ မရှိသေးပါဘူး။ ကာလအတန်ကြာလာတဲ့အခါမှာတော့ လူအဖွဲ့အစည်းထဲမှာ အချို့လူတွေဟာ
တဖြည်းဖြည်းနဲ့ ခိုးခြင်းဝှက်ခြင်း၊
လိမ်ပြောခြင်းစသော
မကောင်းမူတွေပြုလုပ်လာခဲ့ကြတယ်။ အဲဒီအခါမှာ်ထိုမကောင်းမူလုပ်တဲ့သူတွေကို
အပြစ်ပေးဆုံးမဖို့နဲ့ လူအဖွဲ့အစည်းကို မျှမျှတတဖြစ်အောင် စီမံကွပ်ကဲနိုင်ဖို့အတွက်
အသိဥာဏ်ပညာနဲ့ပြည့်စုံတဲ့ သူတစ်ယောက်ကို ပြည်သူတွေ က ၀ိုင်းဝန်းပြီး
ခေါင်းဆောင်ခန့်ခဲ့ကြတယ်။ လူအများက တင်မြောက်ခဲ့လို့ သူ့ကို မဟာသမ္မတမင်းလို့ ခေါ်တယ်။
မဟာသမ္မတမင်းဟာ လုပ်ရည်ကိုင်ရည်ရှိတယ်။ ရုပ်ရည်လည်း တည်ကြည်ခန့်ငြားတယ်။ ဥာဏ်လည်းထက်တယ်။ ကိုယ့်ကျင့်ကောင်းတဲ့အပြင် စိတ်ထားလည်း ရိုးသားလှပါတယ်။ မျှမျှတတနဲ့ စီမံနိုင်ခဲ့ပါတယ်။ ဒီလိုဂုဏ်နဲ့ပြည့်စုံလို့လည်းပဲ သူ့ကို ၀ိုင်းပြီး တင်မြောက်ခဲ့ကြတာပေါ့။ မဟာသမ္မတမင်းဆိုတာ ကမ္ဘာအဦးပိုင်းက ပထမဆုံးသော ဒီမိုကရေစီ
ခေါင်းဆောင်ပါပဲ။ လူတွေဟာ သူ့ကို ဘာလို့ ခေါင်းဆောင်တင်ရတာလဲဆိုတော့
လူအဖွဲ့အစည်းကို အေးချမ်းအောင်၊ တရားမျှတအောင်၊ ဒုစရိုက်တွေကင်းရှင်းအောင်၊
ချမ်းသာကြွယ်ဝအောင် စသောလူလောကအကျိုးစီးပွားကို ဆောင်ရွက်စေဖို့အတွက်
ခန့်ခဲ့တာပါပဲ။
ဒါကြောင့် ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကို ဖွင့်ဆိုတဲ့အခါ
တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရသည် ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူတွေကနေ ခန့်အပ်ထားတဲ့
အစိုးရ၊ ပြည်သူတွေအတွက်လုပ်ဆောင်နေတဲ့ အစိုးရဖြစ်မှ ဒီမိုကရေစီဖြစ်တယ်ဆိုတာကို
မဟာသမ္မတမင်းက သက်သေခံနေပါတယ်။
No comments:
Post a Comment