Friday, February 28, 2014

မလှောင်ပါနဲ့



       ကြီးသူကို ရိုသေ၊ ရွယ်သူကို လေးစား၊ ငယ်သူကို သနားညှာတာရမယ်ဆိုတဲ့ ဆိုရိုးစကားဟာ မျိုးဆက်သစ်တွေအတွက် လိုက်နာရမယ့်ဆုံးမစကားပါ။
       ဘုရားလက်ထက်က မလိုက်နာပဲ လူကြီးကို မရိုမသေပြုခဲ့လို့ လူစဉ်မမီရတဲ့ ရဟန်းတစ်ပါးရှိတယ်။ ကြားဖူးမယ်ထင်ပါ တယ်။ သူ့နာမည်က လကုဏ္ဍကဘဒ္ဒိယမထေရ်တဲ့။ အရမ်းပုကွတဲ့ ရဟန်းပုလေးပါ။ ရဟန်းပုလေးဆိုပေမယ့် ချိုသာစွာ စကားပြောကောင်းတဲ့ ဧတဒဂ်ရ ရဟန်းပေါ့။
       တစ်နေ့မှာ လကုဏ္ဍကမထေရ်ဟာ ဘုရားကို အရိုအသေပေးဖို့ ကျောင်းဂိတ်ဝမှာ စောင့်နေပါတယ်။ အဲချိန်မှာ တောမှာနေ တဲ့ ရဟန်းသုံးဆယ်ကလည်း ဘုရားကို အရိုအသေပေးဖို့ ရောက်လာတယ်။ ဂိတ်ဝမှာ ရပ်နေတဲ့ လကုဏ္ဍကကို ကိုရင်လေးမှတ် လို့ ခေါင်းကိုင်လိုက်၊ ပါးဆွဲလိုက်နဲ့ လုပ်ပြီး ဘုရားထံရောက်။ ဘုရားကို ဦးချပြီးနောက် ထိုသို့လျှောက်တင်ပါ တယ်။                      
       "မြတ်စွာဘုရား၊ မြတ်စွာဘုရားမှာ တစ်ဖက်သားကို ကျအောင်ဟောပြောနိုင်စွမ်းရှိတဲ့ လကုဏ္ဍကအမည်ရှိတဲ့ မထေရ်ရှိ တယ်လို့ ကြားမိပါတယ်ဘုရား။ သူဘယ်မှာလဲဘုရား။
       အေး သင်တို့ သူ့ကို တွေ့ချင်လို့လား? မှန်ပါဘုရား။
       “လကုဏ္ဍကမထေရ်ဆိုတာ တခြားမဟုတ်ဘူး။ သင်တို့ ဂိတ်ဝမှာ သင်္ကန်းဆွဲ၊ ပါးဆွဲနဲ့ ကျီစယ်ခဲ့တဲ့ မထေရ်ပါပဲ။
ဒီတော့မှ ရဟန်းသုံးဆယ်လည်း ခပ်ရှက်ရှက်နဲ့ မျက်နှာမထားတတ်အောင်ဖြစ်ကုန်ကြတယ်။ ပြီးတော့ ဘုရားရှင်ကို မေးလျှောက် ကြတယ်။ "အရှင်ဘုရား ဒီလောက် ထူးချွန်ပြောင်မြောက်ပြီး တရားကိစ္စပြီးနေတဲ့ ရဟန်းဟာ ဘာလို့ အရမ်းပုကွနေရတာလဲ ဘုရား?
       ရဟန်းတို့ ကလေးလို ပုကွနေတာဟာ သူ့ရဲ့ အတိက်ကံကြောင့်ပါ။ သူဟာ အတိက်က ဘ၀တစ်ခုမှာ အသက်ကြီးတဲ့ 
သူတွေကို ရိုင်းစိုင်းတဲ့ လှောင်ပြောင်ကျီစယ်မူတွေ လုပ်ခဲ့တယ်။ မခံချိမခံသာအောင် ထိကပါးရိကပါးပြောဆိုခဲ့တယ်။ အဲဒီ 
မရိုမသေ လှောင်ပြောင်ခဲ့တဲ့အတွက်ကြောင့် ခုလို လူစဉ်မမီအရပ်ပုနေရတာဖြစ်တယ်လို့ ဖြေကြားတော်မူလိုက်ပါတယ်။ 
သတိထားစရာပါပဲ။  
       ကံတရားဟာ ဆန်းကြယ်ပါတယ်။ သတိလက်လွတ်လုပ်လိုက်မိတဲ့ အပြုအမူတစ်ခုဟာ ဘ၀များစွာ တူညီသောတုန့်ပြန် မှုကို ဖြစ်စေပါလား။ အချို့သူများဟာ ကိုယ်လက်အင်္ဂါ ချိုတဲ့သူများကို တွေ့ရင် သနားစိတ်ဝင်မယ့်အစား  ဟားတိုက်ချင် တဲ့စိတ်ပဲ ဖြစ်တတ်ကြတယ်။ သူများကို ဟားတိုက်မိရင် ကိုယ်လည်းပဲ တစ်ချိန်မှာ ပြန်ပြီး ဟားတိုက်ခံရမယ်ဆိုတာကို ဒီဇာတ်ကြောင်းလေးက ပြောနေပါတယ်။ 


အားလုံး လူကြီးသူမများနှါင့်တကွ အင်္ဂါချို့တဲ့သူများကို မလှောင်ပြောင်မိအောင် အထူးသတိထားနိုင်ကြပါစေ။

Wednesday, February 26, 2014

ဗုဒ္ဓဟောကြား ချမ်းသာကြောင်းအကျင့်များ



     
       လူတစ်ယောက်က မေးလာပါတယ်။ ဗုဒ္ဓဘာသာမှာ ဘယ်လိုကံတွေလုပ်ရင် ယခုလက်ရှိဘ၀တွင် စီးပွားရေး၊ လူမူရေး စသောအကျိုးစီးပွားများကို ဖြစ်စေပါသလဲ၊ ဘယ်လိုကံတွေလုပ်ရင် နောင်သံသရာမှာ ကောင်းကျိုးကို ဖြစ်စေနိုင်ပါသလဲ။ နိဗ္ဗာန် ချမ်းသာကို ယခုဘ၀မှာပင်ရအောင် လုပ်နိုင်ပါသလား။
       ဗုဒ္ဓက အပြည့်အစုံဟောထားပြီးသားပါ။ ပစ္စုပ္ပန်ဘ၀မှာ စီးပွားရေး၊ လူမူရေးစတဲ့ အကျိုးစီးပွားတွေ ဖြစ်ဖို့ဆိုရင် ပြည့်စုံရ မယ့်တရားလေးပါး အတိုင်းလုပ်ဆောင်ဖို့လိုပါတယ်။
       "ထကြွ၊ သိမ်းဆည်း၊ မျှသုံးစွဲ၊ ပေါင်းမြဲမိတ်ဆွေကောင်း" ဆိုသည့်အတိုင်း....
၁။ အလုပ်လုပ်တဲ့အခါမှာ ၀ီရိယနဲ့ ကြိုးစားပြီး တက်တက်ကြွကြွလုပ်ဆောင်ရမယ်။
၂။ လုပ်လို့ရလာတဲ့ဥစ္စာတွေကို ကာကွယ်ထိမ်းသိမ်းရမယ်။
၃။ ကုန်သင့်တာကိုကုန်၊ မကုန်သင့်တာကို မကုန်အောင် မျှမျှတတသုံးစွဲတတ်ရမယ်။ သုံးသာသုံးပါ မဖြုန်းပါနဲ့။
၎။ အကျိုးလိုလားတဲ့ အပေါင်းအသင်းကို ပေါင်းရပါမယ်။ အကျင့်စာရိတ္တဖျက်ဆီးမယ့် အပေါင်းအသင်းကိုတော့ ရှောင်ရှား ရပါမယ်။
       ဒါဆိုရင် ယခုဘ၀မှာပဲ သန့်ရှင်းသော စီးပွားရေး၊ လူမူရေး အကျိုးစီးပွားများ ရရှိမှာပါ။ နောင်သံသရာကောင်းကျိုးရဖို့ဆိုရင် ရတနာသုံးပါး၊ ကံ၊ ကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါရှိရမယ်။ အခြေခံငါးပါးသီလမြဲရမယ်။ ဒါထက် တက်နိုင်ရင် ရှစ်ပါး၊ ဆယ်ပါး သီလစောင့်ထိန်းရမယ်။ အယုတ်အလတ်အမြတ်မရွေး ပေးကမ်းစွန့်ကြဲတဲ့ စာဂ၊ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြား နားလည်နိုင်တဲ့ပညာရှိရမယ်။ ဒါဆိုရင် နောင်သံသရာကောင်းကျိုးအတွက် သေချာသွားပါပြီ။
       ယခုဘ၀ ဆင်းရဲအားလုံးက လွတ်မြောက်နိုင်ဖို့၊ နိဗ္ဗာန်ကို ရဖို့ဆိုရင် သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာ ခေါ်တဲ့ အကျင့်မြတ်ကို နည်းလမ်းတကျ ကောင်းစွာကျင့်သုံးရမှာပါ။ ဒါဆိုရင် ဆင်းရဲအားလုံးက လွတ်မြောက်နိုင်ပါတယ်။
       ဒါကြောင့် ဘုရားရှင်က လောကလူသားတွေကောင်းကျိုးအတွက် နည်းလမ်းအဆင့်ဆင့်ကို စနစ်တကျ ချမှတ်ခဲ့တာပါ။ ဒီတိုင်းကျင့်သုံးမယ်ဆိုရင် ယခုဘ၀ရော၊ နောင်ဘ၀ရောအထက်တန်းကျကျ ချမ်းချမ်းသာသာနေနိုင်ပါလိမ့်မယ်။ နောက်ဆုံးဆင်း ရဲကင်းတဲ့ နိဗ္ဗာန်ချမ်းသာကိုလည်းပဲ ကျိုးစားရင် ဒီဘ၀မှာတင်ရနိုင်ပါတယ်။ ဒီဘ၀မရတောင် နောင်ဘ၀တွေမှာ အလွယ်တကူရ ဖို့အတွက် အထောက်အပံ့ဖြစ်သွားပါပြီ။


Tuesday, February 25, 2014

အခက်အခဲကို ရင်ဆိုင်ဖြေရှင်းခြင်း


      
 
       မနေ့က စာတွေလိုက်ဖက်ရင်းနဲ့ သြစတေးလျဘုန်းတော်ကြီး အရှင်ဗြဟ္မ၀ံသရဲ့ ဆောင်းပါးလေးတွေကို ဖတ်ဖြစ်တယ်။ အဲထဲမှာ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သတ်ပြီး အိုင်ဒီယာတစ်ခု သဘောကျလို့ မျှဝေချင်ပါတယ်။ တကယ်တော့ လူတိုင်းမှာ ပြဿ နာပေါင်း သောင်းခြောက်ထောင် တစ်ခုပြီးတစ်ခု ပေါ်နေတာပါပဲ။ အဲလို ပြဿနာပေါ်လာတဲ့အခါမှာ ဖြေရှင်းဖို့နည်းလမ်းတွေ များ စွာရှိပါတယ်။ ထိုနည်းတွေထဲကမှ သင့်တော်မယ့်နည်းလမ်းကို ရွေးချယ်ဖို့အတွက် ဆုံးဖြတ်ချက်ဟာ အရေးကြီးပါ တယ်။ ပြဿနာနဲ့ ကိုက်ညီမယ့် ဆုံးဖြတ်ချက်ချရမှာပေါ့။ ဆုံးဖြတ်ချက်မှားသွားရင် ပြဿနာပိုကြီးနိုင်ပါတယ်။
       အချို့ကတော့ ပြဿနာကြုံတဲ့အခါ သူများရဲ့ ဆုံးဖြတ်ချက်ကို မျော်လင့်ကြတယ်။ ကိုယ်တိုင် မဆုံးဖြတ်တတ်ကြဘူး။
ဆရာတော်ပြောထားတဲ့ ဥပမာလေးကတော့......
       “သင် ဘက်စ်ကားလမ်းဆုံရောက်တဲ့အခါ၊ ကိုယ်သွားမယ့်နေရာကို ရောက်နိုင်မယ့် လိုင်းကားကိုလည်း သေချာမသိရ တဲ့အခါမျိုးမှာ လမ်းဘေးကို ခဏကပ်ပြီး လာမယ့်ကားတွေကို စောင့်နေလိုက်ပါ။ မကြာခင် လိုင်းကားတွေ လာပါလိမ့်မယ်။ လိုင်းကားရှေ့မှာ သူတို့ရဲ့ ဦးတည်ချက်နေရာတွေကို ရေးထားပါတယ်။ အဲဒါကို ကြည့်ပြီး ကိုယ်သွားမယ့်နေရာနဲ့ ကိုက်လား ကြည့်ရမယ်။ ကိုယ်သွားမယ့်နေရာနဲ့ ကိုက်ညီရင် တက်စီးသွားလိုက်ပါ။ မကိုက်ညီရင် နောက်ကားစောင့်ပေါ့။
       အလားတူပါပဲ၊ ဆုံးဖြတ်ချက်တစ်ခု ချတဲ့အခါ၊ ဘယ်လို ဆုံးဖြတ်ချက်မျိုးချရမလဲဆိုတာ မသေချာတဲ့အခါမျိုးမှာ ခဏလေး ဘရိတ်အုပ်ပြီး စောင့်နေလိုက်ပါ။ မကြာခင် ဖြေရှင်းချက်တစ်ခု ပေါ်လာပါလိမ့်မယ်။ ဖြေရှင်းချက်တိုင်းမှာ ဦးတည်ချက်ဆိုတာ ရှိပါတယ်။ ပေါ်လာတဲ့ ဖြေရှင်းချက်ဟာ ကိုယ့်အခတ်အခဲကို ပြေလည်စေမယ့် ဦးတည်ချက်ပါဝင်လားဆိုတာ စဉ်းစားရမယ်။ ကိုယ့်ဦးတည်ချက်နဲ့ကိုက်ညီတယ်ဆိုရင် ရဲရဲဆုံးဖြတ်ပြီး လုပ်ဆောင်လိုက်ပါ။ မကိုက်ညီဘူးဆိုရင်တော့ အခြား ဖြေရှင်း ချက်တွေ ထပ်ပြီး စဉ်းစားချဉ်းကပ်ရမှာပေါ့။ ကိုယ်သည်းခံပြီး စောင့်နိုင်သလောက်စောင့်ပါ။ အကောင်းဆုံးအဖြေတစ်ခု ပေါ်လာပါလိမ့် မယ်။”
       ဒါကြောင့် ပြဿနာကြုံရင် စိတ်ဓာတ်မကျပါနဲ့။ ဖြေရှင်းဖို့နည်းလမ်းတွေ၊ ပြဿနာချဉ်းကပ်နည်းတွေ အများကြီးရှိပါတယ်။ ကိုယ်နဲ့သင်တော်မယ့် နည်းလမ်းကိုရွေးပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။ ဒါဆို ပြေလည်သွားပါလိမ့်မယ်။


Saturday, February 22, 2014

တန်းဖိုးသိမှ တန်ဖိုးထားသည်


      

       သမင်သည် အဖိုးတန်ရတနာတုံးကို တွေ့သော်လည်း တန်ဖိုးမသိတဲ့အတွက် ရတနာကို ကျော်လွန် ပြီး တန်ဖိုးမရှိတဲ့ မြတ်ကိုပဲ စားလေ၏။ ယောက်မသည် ဟင်းကို မွှေသော်လည်းပဲ ဟင်းရဲ့အရသာကို မ သိ။
        ဒီနှစ် မတ်လက စာရေးသူရဲ့ ဓမ္မမိတ်ဆွေတစ်ယောက် သီရိလင်္ကာနိုင်ငံကို တရားအားထုတ် ရန်   ရောက်လာခဲ့တယ်။ သူနဲ့ လွန်ခဲ့တဲ့ ခြောက်လလောက် ဘာသာစကားလေ့ကျင့်တဲ့ ဆိုက် တစ်ခုဖြစ် တဲ့ share talk.com မှာ တရားသဘောတွေကို ဆွေးနွေးရင်း စတင်ရင်းနှီးခဲ့တယ်။ သူဟာ စပိန်နိုင်ငံသား တစ်ယောက်ပါ။  သူ့ကို ကြည့်ရတာ အတော်လေးကို ဗုဒ္ဓဘာသာကို စိတ်ဝင်စားဟန်ရှိသည်။ အထူးသဖြင့် ၀ိပဿနာကို သူနားလည်သလောက် အားထုတ်နေသူပါ။ သူ့ရဲ့ အတွေ့အကြုံအရ လက်တွေ့ အားထုတ် ကြည့်တဲ့အခါမှာ အတိုင်းအတာတစ်ခုထိ စိတ်ရဲ့အေးချမ်းမူခံစား ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် ရှင်းပြ၊ နည်းလမ်းပြပေးမယ့်သူ လိုအပ်နေပါသေးတယ်။ သူမရှင်းတဲ့ ပြဿနာလေးတွေကို စာရေးသူနဲ့ မကြာမကြာဆွေးနွေးဖြစ်ခဲ့တယ်။ ဓမ္မနဲ့ဆိုင်တဲ့ ၀က်ဆိုက်တွေကိုလည်း တက်နိုင်သလောက် ရှာဖွေပြီးတော့ သူ့ဆီပို့ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ သူဟာ စာရေးသူ လက်ရှိရောက်နေတဲ့ သီရိ လင်္ကာနိုင်ငံသို့ တရားလာအားထုတ်ရန် ကြိုးစားပါတော့တယ်။ ဒီမှာရှိတဲ့ တရားစခန်းတွေအားလုံး ကို လည်း စုစည်းပြီး ပေးပို့ခဲ့သည်။  သူရဲ့ ကြိုးစားမူဟာ အကောင်အထည်ပေါ်ခဲ့ပါတယ်။ သူဟာ မအား တဲ့ကြားထဲကနေ ခက်ခဲစွာနဲ့ပဲ ရောက်အောင်လာခဲ့တယ်။ စာရေးသူလည်း သူ့ရဲ့ စိတ်အားထက်သန်မှု၊ ကိုယ်လိုချင်တဲ့အရာတစ်ခုကို မရရအောင် ကြိုးစားမူ၊ စိတ်ရှည်မှုစတာတွေကို ချီးကျူးလေးစားမိပါတယ်။ ဒီလိုနဲ့ပဲ သူဟာ သီရိလင်္ကာမှာ အဆင်ပြေစွာပဲ တရားအားထုတ်ပြီး စပိန်ကို ပြန်သွားပါတော့တယ်။

       ပြောချင်တာက ဘာလဲဆိုရင် သူဟာ ဗုဒ္ဓဘာသာတရားတော်တွေနဲ့ အဝေးမှာနေနေတဲ့သူ တစ်ယောက် ပါ။ ဒါပေမယ့် ဗုဒ္ဓရဲ့ တရားတော်ရဲ့ တန်ဖိုးကို တကယ်သိရှိနေသူပါ။ သိရှိသည့် အတိုင်း အဲဒီ တန်ဖိုးကိုရအောင် လုပ်နိုင်ခဲ့တယ်။ အလွန်အတုယူဖို့ကောင်းပါတယ်။ စာရေးသူတို့ရဲ့ ဗုဒ္ဓဘာ သာဝင်ဖြစ် သူများဟာ ဗုဒ္ဓရဲ့တရားတော်တွေနဲ့ အမြဲတမ်းထိတွေ့နေသူတွေပါ။ အရမ်းကံကောင်းကြပါတယ်။ သို့သော်လည်း အချို့သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည် သမင်ကဲ့သို့ တန်ဖိုးရှိတဲ့ တရား ကိုကျာ်ပြီး တန်ဖိုးမရှိတဲ့ အရာတွေကို တန်ဖိုးထားနေကြပါတယ်။ အဲဒါကြောင့်လည်း ဘာသာခြားတို့ရဲ့ ငွေပေးစည်း ရုံးမူစတာတွေကို အလွယ်တကူလက်ခံကြတယ်။ ကိုယ့်ဘာသာကို တန်ဖိုးမထားတဲ့ အတွက်ကြောင့် တန် ဖိုးရှိတဲ့ တရားကို ကျော်ပြီး တန်ဖိုးမဲ့တဲ့ အရာကို စွဲယူသွားကြလေသည်။

        ဒါကြောင့် ရခဲလှတဲ့ ရတနာကို အားလုံးရနေကြသည်အားလျှော်စွာ အဲဒီအရာကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါသည်။ ကိုယ့်ဘာသာတရားတော်ရဲ့တန်ဖိုးကို တကယ်သိပြီး တကယ်တန်ဖိုးထားလျှင် ဘယ်တော့မှ မစွန့်လွှတ်တော့ပါဘူး။ ကိုယ့်ဘာသာကို ကိုယ်တိုင်တန်ဖိုးထားမှသာလျှင် မိမိတို့နောင် လာနောက်သားများအတွက် ရေရှည်တည်တန့်နေပေလိမ့်မည်။

ဗုဒ္ဓသာသနာ ရေရှည်တည် တန့်ပါစေသတည်း။