ဝဇိရာရဟန်းမဟာ သာဝတ္ထိပြည် အန္ဓ၀န်တောရှိ
သစ်ပင်အောက်ချမ်းသာစွာ ထိုင်နေစဉ် မာရ်နတ်ရောက်လာပြီး
အနှောက် ယှက်ပေးလိုသောစိတ်ဖြင့် မေးလာပါတယ်။
“အဘယ်သူသည် သတ္တ၀ါကို ဖြစ်စေသနည်း? သတ္တ၀ါကို
ပြုတတ်သူကား အဘယ်သူနည်း? အဘယ့်ကြောင့် သတ္တ၀ါဖြစ် လာရပါသနည်း? အဘယ့်ကြောင့် သတ္တ၀ါ
ချုပ်ပါသနည်း?
ရဟန်းမဟာ မေးလာသူသည် လူလား၊ နတ်လား စဉ်းစားလိုက်တော့
မာရ်နတ်မှန်းသိပါတော့တယ်။
“မာရ်နတ်၊ သင်ဟာ အဘယ်အရာကို သတ္တ၀ါလို့ ထင်နေသလဲ?
သင့်မှာ မကောင်းတဲ့ အကြံတွေ အစဉ်လိုက်နေတယ်။ တကယ်တော့ သတ္တ၀ါဆိုတာ
သင်္ခါရအစုသက်သက်မျှပဲ။ အဲဒီ သင်္ခါရအစုမှာ သဘောအားဖြင့် သတ္တ၀ါဆိုတာ မရအပ်ပါ။
လှည်းသန်၊ ၀င်ရိုးစသော အင်္ဂါအစိတ်အပိုင်းတို့
ပေါင်းစုမိသောကြောင့် ရထားဆိုတဲ့ အသံ(သဒ္ဒဝေါဟာရ) ဟာ ဖြစ်သလို ထို့အတူ
ခန္ဓာငါးပါးတို့ ထင်ရှားကုန်တဲ့အခါ သတ္တ၀ါဆိုပြီး သမုတ်ကြတယ်။
မှန်ပါတယ်။ (သတ္တ၀ါဆိုတာ) ခန္ဓာငါးပါး ဒုက္ခတရားပဲ
ဖြစ်တယ်။ ဒီခန္ဓာငါးပါး ဒုက္ခတရားဟာလည်း ဖြစ်လိုက်ပျက်လိုက်ပါ။ ခန္ဓာငါးပါး
ဒုက္ခအစုကလွဲပြီး အခြားတရားမဖြစ်။ ခန္ဓာငါးပါး ဒုက္ခတရားမှလွဲပြီး အခြားတရားမချုပ်ပါ။
ဒီတော့မှ မာရ်နတ်လည်း နှောက်ယှက်လို့ မရမှန်းသိတော့
ပြန်ပြေးသွားပါတော့တယ်။
No comments:
Post a Comment