သဗ္ဗေ သတ္တာ သုခကာမာ၊ ဒုက္ခပဋိကူလာ။
All beings
desire comfort and happiness and they recoil from pain.
ကျွန်ပ်တို့အားလုံးသည် ချမ်းသာကိုပဲ အလိုရှိကြတယ်။
ဆင်းရဲကို ကြောက်ကြတယ်။ ဒါ လူ့လော ကရဲ့ သဘောပါပဲ။ သို့သော်လည်း ဆင်းရဲ ချမ်းသာဒွန်တွဲနေတဲ့လောကမှာ
ချမ်းသာဖို့အတွက် ဆင်း ရဲခြင်းကို ရဲရဲရင့်ရင့် ရင်ဆိုင်ရပါမယ်။
သုခံ
ဒုက္ခေန ကီနာထ
Buy
happiness by pain. No pain no gain.
ချမ်းသာမူကို ဆင်းရဲမှုဖြင့် ၀ယ်ပါတဲ့။ မှန်ပါတယ်။
မိမိတို့ ချမ်းသာချင်ရင် အရင်ဆုံး အဆင်းရဲ ခံရပါ တယ်။ ဘုရားရှင် သဗ္ဗ ညုတဥာဏ်တော်ရဖို့
ခြောက်နှစ်ကြာအောင် လမ်းမှားကို ဆင်းရဲစွာ လိုက် ခဲ့တယ်။ အလယ်အလတ်လမ်းစဉ်ပြောင်းကျင့်မှ
တရားအမှန်ကို သိမြင်တော်မူခဲ့ပါတယ်။ လောကမှာ ထိပ်တန်း ရောက်နေတဲ့သူတွေကို ကြည့်လိုက်ပါ။
အဆင်းရဲခံခဲ့လို့ ထိပ် တန်းရောက်နေကြတာပါ။ ဆင်းရဲ ကို ကြောက်နေရင်တော့ မှောက်နေရမှာပါပဲ။
ချမ်းသာဖို့အတွက် ဓမ္မလမ်းကြောင်းကိုသွေဖည်ပြီးတော့
ဖြတ်လမ်းနည်းကိုတော့ မသုံးပါနဲ့။ ချမ်း သာအစစ်ကို မရနိုင်လို့ ပါ။ ဖြတ်လမ်းနဲ့ ရတဲ့ချမ်းသာမူဟာလည်း
မတည်တံ့ပါဘူး။ ခဏနဲ့ ကုန်ဆုံးသွား မှာပါ။ မှန်မှန်ကန်ကန်ရိုးရိုးသားသားနဲ့ ကျိုးစား
ပါ။ ချမ်းသာအစစ်က စောင့်ကြိုနေပါလိမ့်မယ်။
ဒါကြောင့် ဓမ္မမိတ်ဆွေများအားလုံး ဆင်းရဲခြင်းကို
ကြောက်စရာလို့သဘောမထားပါနဲ့ ရဲရဲရင့်ရင့် ရင်ဆိုင်လိုက်ပါ၊ အဲဒီဆင်းရဲကို ကျော်လွှားနိုင်မှ
ချမ်းသာပါလိမ့်မယ်။
No comments:
Post a Comment