တကယ်တော့ အပြင်ရန်သူထက် ကိုယ်တိုင်ရန်သူဖြစ်တာက
ပိုပြီး အန္ဆရာယ်များလှပါတယ်။ အပြင်ရန်သူက အမြဲတမ်းအန္တ ရာယ်မပေးနိုင်ပါဘူး။
ကိုယ်ကိုယ်တိုင်က ရန်သူဖြစ်နေရင်တော့ ကိုယ့်ကို
အမြဲတမ်းအနှောက်အယှက်ပေးနေပါလိမ့်မယ်။ မကောင်းတာလုပ်တဲ့သူဟာ ရန်သူပါပဲ။
တစ်ခါတွင် ခေမနတ်သားက ဘုရားရှင်ကို လျှောက်ပါတယ်။
“အသိပညာမဲ့တဲ့သူတွေဟာ ခါးစပ်သောအကျိုးရှိသော
ယုတ်ညံ့သောအမှုတို့ကို ပြုပြီး ကိုယ်ကိုယ်တိုင် ရန်သူအဖြစ်နဲ့ ကျင်လည်ရတယ်။ နောင်တရစေသော ပူပန်စေသော မျက်ရည်ကျစေသော
ကောင်းကျိုးမရှိသောဒုစရိုက်အမူတွေကို ပြုခြင်းဟာ မကောင်းပါဘူးဘုရား။ နောင်တတစ်ဖန်မပူပန်စေသော နှစ်သက်ဝမ်းမြောက်ဖွယ်
အကျိုးရှိသောအမှုတို့ကို ပြုခြင်းသည် သာ ကောင်းမြတ်လှပါတယ်ဘုရား။
တကယ့်သူတော်ကောင်းဆိုတာ မိမိအတွက်
အကျိုးစီးပွားဖြစ်မယ့်အမှုမျိုးကို ရှေးဦးစွာ အားထုတ်သင့်ပါတယ်။
“၀င်ရိုး ကျိုးသောလှည်းသမားရဲ့ အကြံ” လို အားမထုတ်သင့်ပါ။ လှည်းသမားဟာ ပြေပြစ်ညီညွတ်သောလမ်းကို စွန့်ပြီး
မညီသောလမ်း ကို တက်သောကြောင့် လှည်းဝင်ရိုးကျိုးပြီး ကြံမှိုင်ရတယ်။
ထို့အတူပဲ ပညာမဲ့သူဟာ တရားမှဖယ်ပြီး မတရားသို့
အစဉ်လိုက်သောကြောင့် သေမင်းခံတွင်းဝရောက်တဲ့အခါ “လှည်းဝင် ရိုးကျိုးသောလှည်းသမားလိုပဲ
ကြံမှိုင်ရတယ်ဘုရား” လို့ လျှောက်ထားပါတယ်။
ဒါကြောင့်
ကိုယ်တိုင်ရန်သူမဖြစ်အောင် သတိတရားနဲ့ မကောင်းမှုကို ရှောင်ကြဉ်ဖို့လိုပါတယ်။
(ခေမသုတ်)
No comments:
Post a Comment