Saturday, February 1, 2014

စိတ်ကို စင်ကြယ်အောင် ဆေးကြောခြင်း


       မြတ်စွာဘုရားရှင် ဂယာသီတတောင်မှာ သီတင်းသုံးတော်မူစဉ်က ရသေ့များစွာတို့ဟာ တပိုတွဲ တပေါင်းလတို့အကြား အလွန်ချမ်းအေးပြီး ဆီးနှင်းကျရာ ဆောင်းကာလမှာ ဂယာဆိပ်ကမ်းတွင် ရေငုပ်လိုက် ပေါ်လိုက်၊ ကိုယ်ပေါ်ကို ရေလောင်းလိုက်၊ မီးကို ပူဇော်လိုက်ဖြင့် ပြုလုပ်နေကြပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကိလေသာတွေမှ စင်ကြယ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
       ဘုရားရှင်ကိုယ်တော်မြတ် ထိုအခြင်းအရာကို မြင်သိတော်မူတဲ့အခါ အောက်ပါအတိုင်း ဥဒါန်းကျူးရင့်တော်မူပါတယ်။
“ဤဂယာဆိပ်ကမ်းထဲမှာ များစွာသောလူအပေါင်းတို့ဟာ ရေချိုးကြတယ်။ တကယ်တော့ ရေကြောင့်စင်ကြယ်ခြင်းကား မဖြစ်နိုင်။ သစ္စာသိသော၊ မဂ်ဖိုလ်၌တည်သောသူသည်သာ စင်ကြယ်သူဖြစ်တယ်။” (ဇဋိလသုတ်)
       ဒါကြောင့် စိတ်ကို စင်ကြယ်အောင်ဆိုရင် သီလရေနဲ့ ဆေးရမယ်။ သမာဓိရေဖြင့် ဆေးရမယ်။ ပညာရေဖြင့် ဆေးရမယ်။ ပကတိရေဖြင့် ဆေးလို့ မစင်ကြယ်နိုင်ပါဘူး။

ဓမ္မမိတ်ဆွေအားလုံး စိတ်ကို စင်ကြယ်အောင် ဆေးကြောနိုင်ကြပါစေ။

No comments:

Post a Comment