Saturday, February 22, 2014

တန်းဖိုးသိမှ တန်ဖိုးထားသည်


      

       သမင်သည် အဖိုးတန်ရတနာတုံးကို တွေ့သော်လည်း တန်ဖိုးမသိတဲ့အတွက် ရတနာကို ကျော်လွန် ပြီး တန်ဖိုးမရှိတဲ့ မြတ်ကိုပဲ စားလေ၏။ ယောက်မသည် ဟင်းကို မွှေသော်လည်းပဲ ဟင်းရဲ့အရသာကို မ သိ။
        ဒီနှစ် မတ်လက စာရေးသူရဲ့ ဓမ္မမိတ်ဆွေတစ်ယောက် သီရိလင်္ကာနိုင်ငံကို တရားအားထုတ် ရန်   ရောက်လာခဲ့တယ်။ သူနဲ့ လွန်ခဲ့တဲ့ ခြောက်လလောက် ဘာသာစကားလေ့ကျင့်တဲ့ ဆိုက် တစ်ခုဖြစ် တဲ့ share talk.com မှာ တရားသဘောတွေကို ဆွေးနွေးရင်း စတင်ရင်းနှီးခဲ့တယ်။ သူဟာ စပိန်နိုင်ငံသား တစ်ယောက်ပါ။  သူ့ကို ကြည့်ရတာ အတော်လေးကို ဗုဒ္ဓဘာသာကို စိတ်ဝင်စားဟန်ရှိသည်။ အထူးသဖြင့် ၀ိပဿနာကို သူနားလည်သလောက် အားထုတ်နေသူပါ။ သူ့ရဲ့ အတွေ့အကြုံအရ လက်တွေ့ အားထုတ် ကြည့်တဲ့အခါမှာ အတိုင်းအတာတစ်ခုထိ စိတ်ရဲ့အေးချမ်းမူခံစား ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မျက်နှာချင်းဆိုင် ရှင်းပြ၊ နည်းလမ်းပြပေးမယ့်သူ လိုအပ်နေပါသေးတယ်။ သူမရှင်းတဲ့ ပြဿနာလေးတွေကို စာရေးသူနဲ့ မကြာမကြာဆွေးနွေးဖြစ်ခဲ့တယ်။ ဓမ္မနဲ့ဆိုင်တဲ့ ၀က်ဆိုက်တွေကိုလည်း တက်နိုင်သလောက် ရှာဖွေပြီးတော့ သူ့ဆီပို့ဖြစ်ခဲ့တယ်။ နောက်ဆုံးတော့ သူဟာ စာရေးသူ လက်ရှိရောက်နေတဲ့ သီရိ လင်္ကာနိုင်ငံသို့ တရားလာအားထုတ်ရန် ကြိုးစားပါတော့တယ်။ ဒီမှာရှိတဲ့ တရားစခန်းတွေအားလုံး ကို လည်း စုစည်းပြီး ပေးပို့ခဲ့သည်။  သူရဲ့ ကြိုးစားမူဟာ အကောင်အထည်ပေါ်ခဲ့ပါတယ်။ သူဟာ မအား တဲ့ကြားထဲကနေ ခက်ခဲစွာနဲ့ပဲ ရောက်အောင်လာခဲ့တယ်။ စာရေးသူလည်း သူ့ရဲ့ စိတ်အားထက်သန်မှု၊ ကိုယ်လိုချင်တဲ့အရာတစ်ခုကို မရရအောင် ကြိုးစားမူ၊ စိတ်ရှည်မှုစတာတွေကို ချီးကျူးလေးစားမိပါတယ်။ ဒီလိုနဲ့ပဲ သူဟာ သီရိလင်္ကာမှာ အဆင်ပြေစွာပဲ တရားအားထုတ်ပြီး စပိန်ကို ပြန်သွားပါတော့တယ်။

       ပြောချင်တာက ဘာလဲဆိုရင် သူဟာ ဗုဒ္ဓဘာသာတရားတော်တွေနဲ့ အဝေးမှာနေနေတဲ့သူ တစ်ယောက် ပါ။ ဒါပေမယ့် ဗုဒ္ဓရဲ့ တရားတော်ရဲ့ တန်ဖိုးကို တကယ်သိရှိနေသူပါ။ သိရှိသည့် အတိုင်း အဲဒီ တန်ဖိုးကိုရအောင် လုပ်နိုင်ခဲ့တယ်။ အလွန်အတုယူဖို့ကောင်းပါတယ်။ စာရေးသူတို့ရဲ့ ဗုဒ္ဓဘာ သာဝင်ဖြစ် သူများဟာ ဗုဒ္ဓရဲ့တရားတော်တွေနဲ့ အမြဲတမ်းထိတွေ့နေသူတွေပါ။ အရမ်းကံကောင်းကြပါတယ်။ သို့သော်လည်း အချို့သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသည် သမင်ကဲ့သို့ တန်ဖိုးရှိတဲ့ တရား ကိုကျာ်ပြီး တန်ဖိုးမရှိတဲ့ အရာတွေကို တန်ဖိုးထားနေကြပါတယ်။ အဲဒါကြောင့်လည်း ဘာသာခြားတို့ရဲ့ ငွေပေးစည်း ရုံးမူစတာတွေကို အလွယ်တကူလက်ခံကြတယ်။ ကိုယ့်ဘာသာကို တန်ဖိုးမထားတဲ့ အတွက်ကြောင့် တန် ဖိုးရှိတဲ့ တရားကို ကျော်ပြီး တန်ဖိုးမဲ့တဲ့ အရာကို စွဲယူသွားကြလေသည်။

        ဒါကြောင့် ရခဲလှတဲ့ ရတနာကို အားလုံးရနေကြသည်အားလျှော်စွာ အဲဒီအရာကို တန်ဖိုးထားတတ်ဖို့ အရေးကြီးပါသည်။ ကိုယ့်ဘာသာတရားတော်ရဲ့တန်ဖိုးကို တကယ်သိပြီး တကယ်တန်ဖိုးထားလျှင် ဘယ်တော့မှ မစွန့်လွှတ်တော့ပါဘူး။ ကိုယ့်ဘာသာကို ကိုယ်တိုင်တန်ဖိုးထားမှသာလျှင် မိမိတို့နောင် လာနောက်သားများအတွက် ရေရှည်တည်တန့်နေပေလိမ့်မည်။

ဗုဒ္ဓသာသနာ ရေရှည်တည် တန့်ပါစေသတည်း။

No comments:

Post a Comment