ဘုရားရှင်ကိုယ်တော်မြတ်က အင်္ဂုတ္တိုရ်ပါဠိတော်မှာ လူအမျိုးမျိုး၊ စိတ်အထွေထွေနဲ့ ပတ်သက်ပြီး ခွဲခြားဝေဖန်ပြီး ရှင်းပြခဲ့ ပါတယ်။ အဲထဲမှာ လူနှစ်မျိုးကို ဗဟုသုတအဖြစ် ဓမ္မမိတ်ဆွေများကို မျှဝေပေးချင်ပါတယ်။
လူနှစ်မျိုးကတော့ ရောင့်ရဲရန် ခဲယင်းသူနှင့်
ရောင့်ရဲလွယ်သူတို့ပါပဲ။
ဘုရားက ထပ်ရှင်းပြတယ်။ ရောင့်ရဲဖို့ခဲယင်းသူဆိုတာ
ရသမျှပစ္စည်းတွေကို သိမ်းချည်းပဲနေတယ်။ ကိုယ်တိုင်လည်း ကောင်းကောင်းမသုံးဘူး။
ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုး၊ လူမူရေး၊ လှူရေးတန်းရေးတို့မှာလည်း မစွန့်ကြဲဘူး။
ဒီလိုလူ မျိုးဟာ ရသမျှနဲ့ ရောင့်ရဲဖို့ ခဲယင်းပါတယ်။
နောက်တစ်ခုက ရသမျှကို ရှေ့နောက်မကြည့်ပဲ အကုန်သုံးတယ်။
စွန့်တယ်။ ဘာမှ မသိမ်းဆည်းပဲ စွန်ချည်းပဲနေတယ်။ ကိုယ်တိုင်လည်း ဒလဟော သုံးတယ်။
မိသားစု၊ ဆွေမျိုးတွေ၊ အလှူခံတွေကိုလည်း စွန့်ကြဲတယ်။ ရသမျှ တစ်စိမှ မသိမ်းပဲ
စွန့် ချည်းပဲနေတဲ့သူဟာလည်း ရောင့်ရဲဖို့ ခဲယင်းပါတယ်။
ရောင့်ရဲဖို့ခဲယင်းသူတွေဟာ တကယ်တော့
အစွန်းနှစ်ဖက်ရောက်နေတာပါ။ သူဟာ ရသမျှပစ္စည်းပေါ်မှာ စည်းမဲ့ကမ်းမဲ့ လုပ်နေတော့
ရောင့်ရဲဖို့ ခဲယင်းတာပေါ့။ ဒါကြောင့် ဘုရားက အလယ်အလတ်လမ်းစဉ်ကို လိုက်ဖို့
ပြောတာပါ။
ရောင့်ရဲလွယ်သူကတော့ စောစောက ဆန့်ကျင်ဘက်ပေါ့။
ရသမျှပစည်းတွေကို သိမ်းချည်းပဲလည်း မထားဘူး။ စွန့်ချည်းပဲ လည်း မနေဘူး။ သိမ်းသင့်တာ
သိမ်းတယ်။ စွန့်သင့်တာစွန့်တယ်။ မိသားစု ဒါမှမဟုတ် ကိုယ့်ဘ၀ နောင်ရေးအတွက်
သိမ်းထား သင့်တာတွေကို သိမ်းထားတယ်။ သံသရာနောင်ရေးအတွက် စွန့်ကြဲသင့်တာတွေကိုလည်း
တက်နိုင်သလောက် ခွဲခြမ်းဝေဘန်ပြီး စွန့်တယ်။ စည်းနဲ့ ကမ်းနဲ့ အလုပ်လုပ်တယ်။
ဘုရားရှင်ရဲ့ အလယ်အလတ်လမ်းစဉ်ကို လိုက်နာတာပေါ့။ ဒီလိုလူ ကျတော့ ရောင့်ရဲလွယ်တဲ့သူလို့
ခေါ်ပါတယ်။
ဒါကြောင့် ဓမ္မမိတ်ဆွေများလည်းပဲ ရှာနိုင်သမျှ ရှာ။
ရသမျှဥစ္စာတွေကိုလည်း စည်းကမ်းတကျ ဘ၀အတွက် သိမ်းသင့်တာ သိမ်း။ အများအတွက်
စွန့်သင့်တာစွန့်။ ဘုရားရဲ့ အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးလို့ ရောင့်ရဲလွယ်ပြီး
ချမ်းသာတဲ့ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။
No comments:
Post a Comment