ဘုရားရှင်ကိုယ်တော်မြတ်က ရဟန်းတွေကို မိန့်တော်မူတယ်။
"ရဟန်းတို့...၊ အမျိုးသားမရှိ မိန်းကလေးတွေကြီးပဲ
ရှိတဲ့အိမ်ဟာ မလုံခြုံဘူး။ လူဆိုးသူခိုးတွေ လူရမ်းကားတွေက ၀င်ရောက် နှောက်ယှက်စော်ကားဖျက်ဆီးနိုင်တယ်။
အဲလိုပဲ မေတ္တာမပွားတဲ့သူတွေကို ဘီလူး၊ သရဲ၊ တစ္ဆေ၊ မှင်စာတွေဟာ အလွယ်တကူ
ဝင်ရောက် ခြောက်လန့်အန္တရာယ်ပြုနိုင်တယ်။
ရဟန်းတို့...၊ ယောကျာင်္းလေးတွေချည်းပဲ ရှိတဲ့အိမ်ကို
လူဆိုးသူခိုး လူရမ်းကားများ မ၀င်ရဲကြဘူး။ အနိုင်ကျင့်မစော်ကားရဲ ကြဘူး။ ထို့တူ မေတ္တာပွားများနေတဲ့သူကို
ဘီလူး၊ သရဲ၊ တစ္ဆေစသည်များ မနှောက်ယှက်ရဲကြပါဘူး။
ရဟန်းတို့...၊ နောက်ဥပမာတစ်ခုက အသွားချွန်ပြီး ထက်နေတဲ့
လှံကို ထိခိုက်ရှမှာစိုးတဲ့အတွက် မည်သူမျှ လက်နဲ့ သွားမဆုပ် ကိုင်ကြပါဘူး။
ထို့အတူပဲ ဘီလူး၊ သရဲ၊ တစ္ဆေ၊ မှင်စာစသည်တို့ဟာလည်း မေတ္တာပွားနေတဲ့သူတွေကို
အန္တရာယ်ပြုလိုသည့်တိုင် သွားမထိရဲကြပါဘူး။ ဘာဖြစ်လို့လည်းဆိုရင်
မေတ္တာပွားနေတဲ့သူကို အန္တရာယ်ပေးခြင်းဟာ သူတို့အတွက် ဆိုးကျိုးပဲ ဖြစ်မယ်ဆိုတာ
သိလို့ပါ။
ဒါကြောင့် တစ်ယောက်တည်း ညအမှောင် သရဲ
တစ္ဆေကြောက်တတ်သူများ မေတ္တာပွားနေလိုက်ပါ။ “ဒီအနီးတ၀ိုက်မှာရှိတဲ့ နာနာဘာဝ ၀ိနာဘာဝ
သရဲ၊ တစ္ဆေ၊ ဘီးလူး ပြိတ္တာများ ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဘေးကင်းပါစေ။”ဟု အကြိမ်ကြိမ် စိတ်ပါလက်ပါ မေတ္တာပွားလိုက်ပါ။ ထိုသို့မေတ္တာပွားနေခြင်းဖြင့် ဘ၀လုံခြုံမှုကိုရှိပြီး
အကြောက်တရားမှ ကင်းဝေးပါလိမ့်မယ်။
မေတ္တာအရှိန်အ၀ါကြောင့် အားလုံးဘေးကင်းကြပါစေ။
No comments:
Post a Comment