Monday, April 7, 2014

စိတ်စွမ်းအင်ကို မြှင့်တင်ပါ



သင့်ရဲ့ အပြင်ဖြစ်တဲ့ ကိုယ်နဲ့ နှုတ်ကို ထိန်းပေးတာ သီလပါ။
သင့်ရဲ့ အတွင်းစိတ်ကို ထိန်းပေးတာကတော့ သမာဓိပါ။
Outside you is morality.
Within you is spirituality.

ကိုယ်ကျင့်တရားဟာ သင်ရဲ့အပြင်ဘက်မှာ ရှိတဲ့ ကိုယ်နဲ့ နုတ်ကို စောင့်စည်းဖို့ပါ။ ကိုယ်နဲ့ နုတ်လမ်းကြောင်းမမှားအောင် ကိုယ်ကျင့်တရားက ထိန်းပေးပါတယ်။ ကိုယ်ကျင့်တရားပျက်ရင်တော့ ကိုယ်နုတ်လမ်းကြောင်းလွဲသွားပါပြီ။ အဲလမ်းကြောင်းက (အပါယ်) အောက်ဆင်းတဲ့လမ်းကြောင်းပဲ ဖြစ်မှာပါ။ အပေါ်တက်တဲ့လမ်းကြောင်းတော့ မဖြစ်ပါဘူး။

သင့်ရဲ့ ကိုယ်တွင်းမှာကတော့ စိတ်ဓာတ်ရေးရာကို မြှင့်တင်ခြင်းပဲ ဖြစ်ပါတယ်။ စိတ်စွမ်းအင် မြင့်မားဖို့ကတော့ သမာဓိပါပဲ။ စိတ်စွမ်းအင် မြင့်မားတယ်ဆိုတာ စိတ်တည်ငြိမ်မှု အားကြီးတာကို ပြောတာပါ။ စိတ်တည်ကြည်မှ ဥာဏ်ပွင့်လင်းပါတယ်။ ဥာဏ်ပွင့်လင်းမှ ဆုံးဖြတ်ချက်တွေ မှန်ကန်ပါတယ်။ စိတ်အပူများနေတယ်၊ စိတ်ညိုးနွမ်းနေတယ်ဆိုရင်တော့ ဘာမှ မဆုံးဖြတ်ပါနဲ့။ မှားတတ်လို့ပါ။

ဒါကြောင့် နေ့တဓူဝ လှုပ်ရှားရုန်းကန်နေကြတဲ့ လူသားများအတွက် စိတ်စွမ်းအင် မြင့်မားအောင် လုပ်ဖို့ အလွန်အရေးကြီးပါတယ်။ စိတ်စွမ်းအင် မြှင့်တင်တဲ့ အလေ့အကျင့်လေးတွေ လုပ်စေချင်ပါတယ်။ အထူးသဖြင့် အလုပ်များစွာပိပြီး ပင်ပန်းနွမ်းနယ်နေသူများ၊ နောက်ပြီး ဦးနှောက်နဲ့ အလုပ်လုပ်ရတဲ့သူများ ပိုအရေးကြီးပါတယ်။ စိတ်စွမ်းအင်မြှင့်တင်တဲ့ နည်းလမ်းတွေ အများကြီးပါ။ အလွယ်ဆုံးကတော့ မိမိတို့ အသက်ရှုလမ်းကြောင်းဖြစ်တဲ့ ၀င်လေထွက်လေကို အသိကပ်ပြီး တည်ငြိမ်အောင်လုပ်ဖို့ပါပဲ။ အလုပ်မလုပ်ခင်၊ အလုပ်ပြီးတဲ့အချိန်၊ ခဏနားတဲ့အချိန်စသည် အလျှဉ်းသင့်တဲ့ အချိန်တွေမှာ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့် ဖြစ်ဖြစ် နေ့စဉ်လုပ်ပေးပါ။ အချိန်များများလုပ်လေ စိတ်စွမ်းအင် မြင့်မားလေပါပဲ။ စိတ်စွမ်းအင် မြင့်မားလေ အောင်မြင်လေပါပဲ။ တကယ်တော့ ဒီအလုပ်ဟာ ငွေမကုန်ပဲနဲ့ စိတ်ချမ်းသာအောင်လုပ်တဲ့နည်းပါပဲ။ ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို မြင်အောင်ရှုဖို့ မပြောသေးပါဘူး။ ဘ၀၀မ်းစာအတွက်လှုပ်ရှားရုန်းကန်နေကြတဲ့ လောကီလူသားတွေအတွက် နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမူလေးတွေကို တဒင်္ဂပြေလည်သွားစေချင်တဲ့ သဘောပါပဲ။ စိတ်ထောင်းတော့ ကိုယ်ကျေပါတယ်။ စိတ်ပျိုတော့ ကိုယ်နုပါတယ်။ စိတ်ပျိုအောင် သမာဓိထူထောင်ရမယ်။ ဒါကြောင့် အပန်းမကြီးဘူးဆိုရင် အတင်းပြောတဲ့အချိန်ကိုလျှော့၊ ပြစ်တင်ဝေဘန်တာတွေလျှော့၊ သောက်စားမူးယစ်တာတွေလျှော့ပြီး အဲဒီအစား စိတ်မြင့်တင်တဲ့ လုပ်ငန်းလေး လုပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

No comments:

Post a Comment