တစ်ခါက တက္ကသိုလ်ကျောင်းသားတစ်ယောက်ရှိတယ်။ နာမည်က ပါပကတဲ့။
မြန်မာလို ကတော့ မောင်ယုတ်မာလို့ခေါ်တယ်။ ဆိုးလိုက်တဲ့နာမည်။ ကျောင်းသားတွေအားလုံးက “ဟေ့ ပါပက (ငယုတ်မာ)” လို့ ခဏခဏခေါ်ကြတော့ စိတ်ညစ်တာပေါ့။ ဆရာကြီးဆီ
နာမည်ပြောင်းပေးဖို့ သွားပြောတယ်။ ဆရာကြီးက အေးဒါဆို မင်းကြိုက်တဲ့နာမည်
သွားရှာလာခဲ့လို့ ပြောလိုက်တယ်။ ဒါနဲ့ မောင်ယုတ်မာတစ်ယောက် နာမည်ရှာထွက်တော့တာပေါ့။
ရွာတစ်ရွာယောက်တော့ အသုဘ တစ်ခုတွေ့လို့ ရွာသားတစ်ယောက်ကို မေးတယ်။
“နောင်ကြီး..၊ သေသွားတဲ့သူက အသက်ငယ်ငယ်ပဲ ရှိပါသေးလား။ သူ့နာမည် ဘယ်လိုခေါ်လဲခင်ဗျ”
"သူနာမည်က မောင်သက်ရှည်"။
“အိုး နာမည်က မောင်သက်ရှည် ငယ်ငယ်နဲ့သေပါလား။”
“ဟေ့ကောင် ရူးနေလား။ နာမည်ဆိုတာ ပညက်ပဲကွ။ မောင်သက်ရှည်လည်း
သေချင်တဲ့အချိန်သေမှာပဲ။
ဆက်သွားလိုက်တော့ ဆင်းရဲညစ်နွမ်းနေတဲ့ ကောင်မလေးတစ်ယောက်တွေ့တယ်။
နာမည်မေးလိုက်တယ်။
“ညီမနာမည် သိပါရစေ”
“ကျွန်မနာမည်မဌေး”
“ဟင် နာမည်က မဌေး ဆင်းရဲလိုက်တာကလည်း
ကုန်းကောက်စရာမရှိ။”
“ဒီမှာရှင့် ဦးနှောက်ကောင်းရဲ့လား။ မဌေးလည်း
ဆင်းရဲချင်ဆင်းရဲမယ်။ ချမ်းသာချင်ချမ်းသာမယ်။ ဆင်းရဲတာ ချမ်းသာတာ
နာမည်နဲ့မဆိုင်ဘူး။”
“ဟုတ်ကဲ့ ဆောရီးပါ ညီမ။”
ဒါနဲ့ ဆက်သွားပြန်တော့ တောထဲမှာ
မျက်စိလည်လမ်းမှားတဲ့သူနဲ့တွေ့တယ်။ နာမည်မေးလိုက် တယ်။
“မောင်ရင်နာမည်လေး တစ်စိတ်လောက် သိပါရစေ”
“ကျွန်ပ်နာမည် ပန္ထက
(မောင်လမ်း)"
“မောင်လမ်းကလည်း လမ်းမှားတာပဲလား”
“အာ ဒီကောင် လမ်းမှားလို့
စိတ်ညစ်ရတဲ့အထဲ လာကြောင်နေပြန်ပြီ။ ဟေ့ကောင် မောင်လမ်းဆိုတာ နာမည်ကွ။
လမ်းမှန်သိချင်သိမယ်။ မသိချင်မသိဘူး။” သူလည်းဆက်မပြောရဲတော့ဘူးပေါ့။
ဒါနဲ့
ကောက်ချက်ချ ဆရာကြီးဆီပြန်လာတယ်။ “ဟေ့တပည့် ဘယ်လိုလဲ လိုချင်တဲ့နာမည် တွေ့ခဲ့ လား။”
“ဆရာကြီးရယ်
နာမည်မပြောင်းတော့ပါဘူး။ မောင်သက်ရှည်လည်း ငယ်ငယ်နဲ့သေတာပဲ။ မဌေးဆိုတဲ့
အမျိုးသမီးလည်း ဆင်းရဲတာပဲ။ မောင်လမ်းဆိုတဲ့သူလည်း မျက်စိလည်လမ်းမှားတာပဲ။
နာမည်ဟာ အဓိကမကျဘူးဆိုတာ ကျွန်တော်သဘောပေါက်ပါပြီ။”
ေ “အေး ငါ့တပည့် သေချာနားထောင်။ နာမည်ဆိုတာ ပညက်ပါပဲ။ စိတ်ဓာတ်နဲ့ လုပ်ရပ်ကောင်းဖို့က အဓိကပဲ။ နာမည်မကောင်းလို့ စိတ်မညစ်နဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် မကောင်းမှသာ စိတ်ညစ်ရမှာကွ။”
ေ “အေး ငါ့တပည့် သေချာနားထောင်။ နာမည်ဆိုတာ ပညက်ပါပဲ။ စိတ်ဓာတ်နဲ့ လုပ်ရပ်ကောင်းဖို့က အဓိကပဲ။ နာမည်မကောင်းလို့ စိတ်မညစ်နဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ် မကောင်းမှသာ စိတ်ညစ်ရမှာကွ။”
လူတွေကလည်း ခက်သား နာမည်လှလှလေးမှည့်ချင်ကြတယ်။ အလုပ်ကောင်းဖို့ကြတော့
စိတ်မ၀င်စားကြဘူးနော်။ နာမည်လှလှရွေးဖို့ထက် အလုပ်လှလှ၊ စိတ်လှလှရွေးဖို့
လုပ်ကြပါ။
No comments:
Post a Comment