တစ်ခုသော ညကာလ လရောင်မှိန်ဖျဖျအောက်မှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ် ဥပေက္ခာဗြဟ္မ၀ိဟာရသမာဓိ ပွားများနေပါတယ်။ ဦးခေါင်းရိတ်ပြီးစဖြစ်တော့ လရောင်အောက်မှာ ဦးခေါင်းတော် တလှပ်လှပ်ဖြစ်နေတာပေါ့။
အဲဒီအချိန်မှာ ဘီလူးနှစ်ကောင်ဟာ ကောင်းကင်ကနေဖြတ်သွားရင်း
ရိုင်းစိုင်းတဲ့ တစ်ကောင်က ပြောင်လတ်နေတဲ့ အရှင်သာရိပုတ္တရာရဲ့ ဦးခေါင်းကို
တင်းပုတ်နဲ့ ထုချင်စိတ်ဖြစ်တယ်။ သူငယ်ချင်းကို ပြောတယ်။
"ငါ အဲဒီကိုယ်တော်ရဲ့
ခေါင်းကို ရိုက်ခွဲချင်တယ်။"
"ဟ မလုပ်ပါနဲ့။ သူဟာ တကယ့်သူတော်ကောင်းရဟန်းပါ။
တန်ခိုးအာနုဘော်ကြီးမားတယ်။ မင်းဒုက္ခရောက်လိမ့်မယ်။" "မသိဘူးကွာ
ငါစိတ်မထိန်းနိုင်တော့ဘူး" ပြောပြောဆိုဆိုနဲ့ တင်းပုတ်နဲ့
အရှင်သာရိပုတ္တရာဦးခေါင်းကို ရိုက်လိုက်ပါတော့တယ်။ ရိုက်ချက်က ပြင်းထန်လှတယ်။ တင်းပုတ်အစွမ်းကလည်း ဘယ်လောက်ကြီးမားလဲဆိုရင် ၇
တောင်ရှိတဲ့ ဆင်ကိုတောင် မြေကြီး ထဲ မြုပ်ဝင်သွားနိုင်တယ်။ တောင်ထွတ်ကြီးကိုတောင်
အစိတ်အစိတ်အမွာမွာ ဖြစ်သွားနိုင်တယ်။ ရိုက်ပြီးပြီးချင်းမှာပဲ ဘီးလူးဟာ
ပူလောင်မူဝေဒနာပြင်းစွာခံစားရပြီး အဲဒီနေရာမှာပဲ အ၀ီစိငရဲကျသွားပါတော့တယ်။
အရှင်မဟာမောဂ္ဂလာန်မထေရ်ဟာ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့
ကြည့်လိုက်တော့ အရှင်သာရိပုတ္တရာ ခေါင်းအရိုက်ခံရတာ ကို မြင်ပါတယ်။ ဒါနဲ့ ချက်ချင်း
သွားပြီး ..
"ငါ့ရှင် သာရိပုတ္တရာ အဆင်ပြေရဲ့လား"
"ပြေပါတယ်။
အနည်းငယ်နာကျင်ရုံလောက်ပါပဲ"
ဒီတော့ အရှင်မဟာမောဂ္ဂလာန်ဟာ အံ့သြမှင်သက်ပြီး
"ထူးဆန်းပါဘိ။ ဒီလောက်ရိုက်ချက်ပြင်းတာတောင် အဆင်ပြေ တယ်၊ အနည်းငယ်ပဲ
နာကျင်တယ်လို့ပြောတယ်။"
အရှင်သာရိပုတ္တရာကလည်း "ထူးဆန်းလှပါဘိ
အရှင်မောဂ္ဂလာန်၊ တန်ခိုးကြီးပါဘိ။ ဒါကြောင့်လည်း ဘီလူးကို မြင်နိုင် တယ်။ ငါ့မှာမူ
မြေဘုတ်ဘီးလူးကိုတောင် မမြင်နိုင်"။
အဲဒီအချိန် မြတ်စွာဘုရားရှင်ဟာ ဒိဗ္ဗသောတအဘိညာဉ်ဖြင့်
ရဟန်းနှစ်ပါ ပြောဆိုသံကို ကြားတော်မူပြီး ထိုသို့ ဥဒါန်းကျူး ရင့်တော်မူပါတယ်။
"ရဟန္တာရဲ့စိတ်ဟာ
ကျောက်တောင်နဲ့တူတယ်။ မတုန်လှုပ်ဘူး။ တပ်စွန်းဖွယ်အာရုံတို့၌ တပ်ခြင်းကင်း၏။
အမျက်ထွက် ဖွယ်အာရုံတို့၌ အမျက်မထွက်။ ရဟန္တာ၏ စိတ်ဟာ ထိုကဲ့သို့
ပွားများထားတဲ့အတွက် မည်သို့လျှင် ဆင်းရဲကပ်ရောက်နိုင်ပါမည် နည်း"ဟု
ကျူးရင့်တော်မူပါတယ်။
No comments:
Post a Comment