လူအများစုဟာ ရောဂါဖြစ်မှာကို ကြောက်ကြတယ်။ ရောဂါဝေဒနာကို
မခံစားနိုင်ကြဘူး။ တက်နိုင် သမျှရောဂါမဖြစ်အောင် နေကြတယ်။ သို့ပေမယ့်
သဘာဝတရားကို လွန်ဆန်လို့မရပါ။
ရောဂေါတိ ခန္ဓာနံ ဘေဒေါနာမ။
ရောဂါဆိုတာ ခန္ဓာတွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းပါပဲ။
ရောဂေါတိ ခန္ဓာနံ ဘေဒေါနာမ။
ရောဂါဆိုတာ ခန္ဓာတွေရဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းပါပဲ။
ခန္ဓာရလာလျှင်
ရောဂါရမှာပါပဲ။ အမျိုးအစားတော့ ကွဲမှာပေါ့။ အို၊နာ၊သေရောဂါတော့
ရှောင်လွှဲလို့ မရပါ။ ခေတ်တိုးတက်လာတာနဲ့အမျှ ရောဂါတွေလည်း စုံလာပါတယ်။
ကင်ဆာရောဂါ၊ နှလုံးေ၇ာဂါ၊ HIV ရောဂါစတဲ့ ရောဂါအကြီးစားတွေ ပေါများလာပါတယ်။
ရောဂါတစ်စုံတစ်ရာခံစားရတဲ့အ ခါ စိတ်အား မငယ်ပဲ အဲဒီရောဂါကို ဆေးအဖြစ်အသုံးချနိုင်အောင် ကျိုးစားရပါမယ်။
ရောဂါဆိုတာ တကယ်တော့ ကျွန်ပ်တို့အတွက် အခွင့်အရေးတစ်ခုပါပဲ။ ကျွန်ပ်တို့ရဲ့ သည်းခံနိုင်စွမ်း၊ စိတ်ရှည်နိုင်စွမ်းတွေကို ပိုပြီးမြှင့်ပေးပါတယ်။ ထူးချွန်ထက်မြတ်တဲ့ လူနာဆိုတာ မသေအောင် မကျိုးစား ပါဘူး။ သေတဲ့အချိန်ထိ ကောင်းစွာအသက်ရှင်အောင် ကျိုးစားကြပါတယ်။ ရောဂါရဲ့ရလာဒ်ဟာ ဘာပဲဖြစ်ဖြစ်နေ၊ အဲဒီရောဂါကို မကုနိုင်တောင်မှ သူတို့ဘ၀ရဲ့ သောကတွေကို လျှော့ပါးအောင်လုပ်ထားနိုင် တဲ့အတွက် သူတို့ဟာအာင်နိုင်သူတွေပါ။
တကယ်တော့ ရောဂါဟာ ဆရာပါ။ ရောဂါရဲ့ သင်ခန်းစာတွေကို သေချာသင်ယူနိုင်မယ်ဆိုရင် ပိုပြီးတော်တဲ့လူတစ်ယောက်ဖြ စ်နိုင်ပါတယ်။
အရင်တုန်းက သည်းမခံတတ်ဘူး။ တစ်ကိုယ်ကောင်းဆန် တယ်။ မာနကြီးတယ်၊
ထောက်ထားစာနာမူမရှိဘူး။ သို့သော်လည်း ရောဂါရလာတဲ့အခါမှာ ဒါတွေဟာ
ဘာမှမဟုတ်ပါလားလို့ ဆင်ခြင်ပြီး သည်းခံတတ်လာတယ်။ သနားကြင်နာတတ်လာတယ်။
သိမ်မွေ့လာ တယ်။ မာန်စွယ်ကျိုးလာတယ်။ ဒါဆိုရင် သူဟာ တော်လွန်ကောင်းမြတ်တဲ့
လူနာတစ်ယောက်ပါ။ ရောဂါကို ဆင်ခြင်တတ်မယ်ဆိုရင် အဲဒီရောဂါက သူတို့ရဲ့
ဘ၀ပုံစံကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးတွေပေး တယ်။ ပိုအရေးကြီးတဲ့
ဘ၀တန်ဖိုးတွေကိုလည်း ပေးပါတယ်။ ရောဂါရလာတဲ့အခါမှာ မိသားစုနဲ့၊
ချစ်မြတ်နိုးတဲ့သူတွေကို ပိုပြီးတော့ မြတ်နိုးလာတယ်။ အရင်တုန်းက
မိသားစုစတာတွေကို အရေးမစိုက်ခဲ့ တာတွေကို ပြန်နောင်တရမိလာတယ်။
ပြန်ကျန်းမာလာတဲ့အခါ မိသားစုနဲ့ ချစ်မြတ်နိုးတဲ့သူတွေအတွက်
အချိန်ပိုပေးလာတယ်။ ဘ၀ကို ပိုပြီး အဓိပ္ပါယ်ရှိအောင်နေတယ်။ နောက်ဆုံး
သေခြင်းတရားနဲ့ ရင်ဆိုင် ရင်တောင်မှ သူတို့ဟာ သည်းခံနားလည်ပြီး
အေးချမ်းစွာနဲ့ သေနိုင်ကြတယ်။
ဒါဟာ ရောဂါကို အရှုံးမပေးဘဲ အခွင့်အရေးအဖြစ်အသုံးချသူ၊ ရောဂါကို ဆရာအနေနဲ့ အသုံးချသူ တို့ရဲ့ အောင်မြင်ခြင်းပါပဲ။ အားလုံးပဲ ရောဂါကိုဆရာအဖြစ်အသုံးချပြီး သေခြင်းတရားကို အေးချမ်းစွာ ရင်ဆိုင်နိုင်ကြပါစေ။
ရောဂါဆိုတာ တကယ်တော့ ကျွန်ပ်တို့အတွက် အခွင့်အရေးတစ်ခုပါပဲ။ ကျွန်ပ်တို့ရဲ့ သည်းခံနိုင်စွမ်း၊ စိတ်ရှည်နိုင်စွမ်းတွေကို ပိုပြီးမြှင့်ပေးပါတယ်။ ထူးချွန်ထက်မြတ်တဲ့ လူနာဆိုတာ မသေအောင် မကျိုးစား ပါဘူး။ သေတဲ့အချိန်ထိ ကောင်းစွာအသက်ရှင်အောင် ကျိုးစားကြပါတယ်။ ရောဂါရဲ့ရလာဒ်ဟာ ဘာပဲဖြစ်ဖြစ်နေ၊ အဲဒီရောဂါကို မကုနိုင်တောင်မှ သူတို့ဘ၀ရဲ့ သောကတွေကို လျှော့ပါးအောင်လုပ်ထားနိုင်
တကယ်တော့ ရောဂါဟာ ဆရာပါ။ ရောဂါရဲ့ သင်ခန်းစာတွေကို သေချာသင်ယူနိုင်မယ်ဆိုရင် ပိုပြီးတော်တဲ့လူတစ်ယောက်ဖြ
ဒါဟာ ရောဂါကို အရှုံးမပေးဘဲ အခွင့်အရေးအဖြစ်အသုံးချသူ၊ ရောဂါကို ဆရာအနေနဲ့ အသုံးချသူ တို့ရဲ့ အောင်မြင်ခြင်းပါပဲ။ အားလုံးပဲ ရောဂါကိုဆရာအဖြစ်အသုံးချပြီး သေခြင်းတရားကို အေးချမ်းစွာ ရင်ဆိုင်နိုင်ကြပါစေ။
No comments:
Post a Comment