ဘုရားလက်ထက်က ကလေးနှစ်ယောက်ဖခင် သောရေယျ သူဌေးသားဆိုတာ
ရှိခဲ့တယ်။ တစ်နေ့မှာ ရေချိုးဆိပ်သွားရင်း အရှင် မဟာကစ္စည်းမထေရ်ရဲ့ လှပတဲ့
ရုပ်အဆင်းကို မြင်ပြီး "ငါ့ဇနီးဖြစ်ရင် ကောင်းမှာပဲ"လို့ စိတ်ထဲက
မနောကကံဖြင့် ပြစ်မှား မိတယ်။
Wednesday, April 30, 2014
မှားတာရှိရင် တောင်းပန်ပါ
Tuesday, April 29, 2014
သင် ဘယ်လိုလူလဲ
ဘုရားရှင်က လောကမှာ လူသုံးမျိုးရှိတယ်လို့ ဟောတော်မူပါတယ်။
၁။ မစင်စကားရှိသောလူ
၂။ ပန်းစကားရှိသောလူ
၃။ ပျားစကားရှိသောလူ
မစင်စကားရှိတဲ့လူဆိုတာ ပြောလိုက်တဲ့စကားဟာ မစင်လိုပဲ
ညစ်ပတ်ပြီး မကောင်းနံ့ရှိတဲ့ စကားမျိုးပြောတဲ့သူကို ပြောတာ။
Monday, April 28, 2014
အရက်သေစာသောက်စားခြင်းရဲ့ ဆိုးကျိုးများ
ပူပြင်းတဲ့ နွေရာသီမှာ အရက်ပူတွေအလွန်အကျွံသောက်လို့ သေကြတယ်ဆိုပြီး ကြားသိရပါတယ်။ စာရေးသူတို့ရွာမှ ဒကာ တစ်ဦးလည်းပဲ အရက်စွဲပြီး အတွင်းကလီစာပျက်ဆီးကာ ပိန်ချုံးချိနဲ့ပြီး သေသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီနေ့တော့ မူးယစ်သောက်စား အပြစ်များကို ပြောပြချင်ပါတယ်။ အရက်သေစာ၊ မူးယစ်ဆေးစတာတွေဟာ သုံးစွဲသူကို မေ့လျှော့စေတတ်တယ်။ မူးယစ်စေတတ်တယ်။ ပက်သဒင်းဆေးရည်၊ တောအရက်၊ မြို့အရက်၊ နိုင်ငံခြားအရက်၊ ထန်းရည်၊ ဓနိရည်၊ ဘိန်းကင်း၊ ကစော်၊ လှော်စာ၊ ဘိန်းဖြူ၊ ဆေးခြောက်၊ ကုတ်ကင်း၊ မာဖီးယား၊ အယ်လ်အက်စ်ဒီ၊ ဘီယာအမျိုးမျိုး စတာတွေဟာ သုရာမေရယ၊ မူးယစ်စေ တဲ့အထဲမှာ ပါဝင်ပါတယ်။
Sunday, April 27, 2014
ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများ
ရှေးတုန်းက ဧရကစ္ဆမြို့မှာ ရွှေပန်းတိမ်သည်
သူဌေးသားလူငယ်တစ်ယောက် ရှိခဲ့တယ်။ ဥစ္စာပေါ ရုပ်ချောဆိုတာ လူတ ကာငေးရတာပေါ့။
ငွေရှိတော့ ထင်တိုင်းကြဲ ပျိုပျိုအိုအို သူနဲ့ ကင်းလွတ်သူ မရှိသလောက်ပါပဲ။
ဒီလိုပျော်ပါးရင်းနဲ့ပဲ ဘ၀ကုန်ဆုံးတော့ ငရဲကျရောက်ပါတယ်။ ငရဲက လွတ်ပြန်တော့
မျောက်ဘ၀၊ ဆိတ်ဘ၀၊ နွားဘ၀တွေမှာ ဖြစ်တယ်။ ဖြစ်တိုင်းပဲ သင်းကွပ်ခြင်းကို ခံရပါတယ်။
နွားဘ၀မှာ မျက်စိကန်းလို့ မကျန်းမမာဖြစ်နေတာတောင် ထွန်ဆွဲရ၊ လှည်းရုန်းရနဲ့
မပြတ်လုပ်နေရတယ်။
Saturday, April 26, 2014
အမွေခံကောင်းနှင့် အမွေခံဆိုး
လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ ဒါကြောင့် သားသမီးတွေ ဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။ ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။ လယ်တီဆရာတော်က အခုလို ဆိုထားပါတယ်။ သားသမီးပင်ဖြစ်သော်လည်း မိဘအမွေကို မခံစားရတဲ့သူ၊ အနည်းငယ်သာ ခံစားရတဲ့သူ၊ ၀မ်းဝရုံသာ ခံစားရသူနှင့် များစွာခံစားရသူ ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။
၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့ သားသမီးပင်ဖြစ်သော်လည်း မိဘစကားနား မထောင် လို့ အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ အမွေမခံစားရသူပါပဲ။
၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊ အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။ ဒါကြောင့် သူတို့ကို အမွေအနည်းငယ်သာခံစားရသူလို့ ဆိုပါတယ်။
၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။ အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။ သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။
၎။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို အကုန်တိုးပွားအောင်လုပ်တယ်။ ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး မိဘအမွေကို များစွာ ခံစားကြရတယ်။
ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံယူထိုက်ပါတယ်။ “ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။” ဆိုသည့်အတိုင်း သားသမီးများဟာ
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊ မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့် မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။
ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ အမွေခံဆိုးပဲ ဖြစ်လိမ့်မယ်။ မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့ သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။ မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်း စားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။ စားတိုင်းစားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။ သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့ အမွေကို ခံစားရတဲ့ အတွက် စိတ်ချမ်းသာတယ်။ အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။ နောက်ပြီး လိမ်မာတဲ့သားသမီး များဟာ မိဘအမွေကို ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့ မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။ မရရင် ပြဿနာရှာတတ်ကြတယ်။ ဒါကြောင့် သားသမီးများအားလုံး သားသမီး ၀တ်ငါးပါးကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများဖြစ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ်။
၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့ သားသမီးပင်ဖြစ်သော်လည်း မိဘစကားနား မထောင် လို့ အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ အမွေမခံစားရသူပါပဲ။
၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊ အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။ ဒါကြောင့် သူတို့ကို အမွေအနည်းငယ်သာခံစားရသူလို့ ဆိုပါတယ်။
၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။ အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။ သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။
၎။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို အကုန်တိုးပွားအောင်လုပ်တယ်။ ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး မိဘအမွေကို များစွာ ခံစားကြရတယ်။
ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံယူထိုက်ပါတယ်။ “ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။” ဆိုသည့်အတိုင်း သားသမီးများဟာ
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊ မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့် မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။
ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ အမွေခံဆိုးပဲ ဖြစ်လိမ့်မယ်။ မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့ သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။ မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်း စားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။ စားတိုင်းစားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။ သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့ အမွေကို ခံစားရတဲ့ အတွက် စိတ်ချမ်းသာတယ်။ အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။ နောက်ပြီး လိမ်မာတဲ့သားသမီး များဟာ မိဘအမွေကို ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့ မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။ မရရင် ပြဿနာရှာတတ်ကြတယ်။ ဒါကြောင့် သားသမီးများအားလုံး သားသမီး ၀တ်ငါးပါးကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများဖြစ်နိုင်ကြပါစေလို့ ဆုတောင်း လိုက်ရပါတယ်။
Friday, April 25, 2014
ကြိမ်ပိုက်ငရဲမှာ ခံစားရမည့်သူများ
ကြိမ်ပိုက်ငရဲကျရောက်သူတွေဟာ အင်မတန်ထက်မြတ်တဲ့ ရဲရဲတောက် ကြိမ်လုံးတွေနဲ့ အဆက်မပြတ်အရိုက်ခံကြရတယ်။ တစ်ချက်အရိုက်ခံလိုက်ရရင် အကြော၊ အရိုးပျက်ထွက်မတက် နာကျင်စွာခံစားရတယ်။ အရမ်းကြောက်စရာကောင်းပါတယ်။
ကျီးကန်ရှင်ကြီးက ကျီးသဲလေးထပ်ဆရာတော်ကို
မေးလျှောက်တယ်။
ဝေတ္တရဏီလယ်၊ ကြိမ်ပိုက်ဝယ်၊ ဘယ်သို့
ကျင့်သူခံလိမ့်နည်း။
ဆရာတော်က နေမိဇာတ်တော်ကို ထောက်ပြပြီး ခုလို ဖြေပါတယ်။
ယေ ဒုဗ္ဗလေ ဗလ၀န္တော ဇီဝလောကေ ဟိံသန္တိ ရောသန္တိ သုပါပဓမ္မာ။
တေ လုဒ္ဒကမ္မာ ပသဝေတွာန ပါပံ၊ တေ မေ ဇနာ၊ ဝေတ္တရဏိံ ပတန္တိ။ (နေမိဇာတ်)။
အဓိပ္ပါယ်ကတော့ လောကမှာ စည်းစိမ်ဥစ္စာပေါများ၊ အာဏာပါဝါ
ကြီးမားသော ယုတ်မာတဲ့ အကျင့်ဆိုးရှိတဲ့ပုဂ္ဂိုလ်တွေဟာ အဲဒီစည်းစိမ်ဥစ္စာ၊ အာဏာကို
သုံးပြီး အားနည်းတဲ့ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အနိုင်ကျင့်၊ ဆင်းရဲသူတွေရဲ့ ဥစ္စာ၊
မြေနေရာ စတာတွေကို သိမ်းပိုက်ကြတယ်။ အဲဒီလို သိမ်းပိုက်တဲ့ ပုဂ္ဂိုလ်တွေဟာ သေရင်
ကြိမ်ပိုက်ငရဲမှာ ဆိုးရွားစွာ ခံစားရပါတယ်တဲ့။
ဘယ်လောက်ကြောက်စရာကောင်းလဲနော်။ အခုလက်ရှိမှာ အဲလိုလူတွေကလည်း
များသား။ သူတို့အတွက် ရတက် မအေးစရာပါပဲ။ အာဏာကို အလွဲသုံးစားလုပ်ပြီး ခိုကိုးရာမဲ့ ဆင်းရဲသားများ၊ လယ်သမားများရဲ့ လယ်တွေ၊ ယာတွေ အိမ်မြေတွေ ကို သိမ်းယူကြတယ်။
ဥစ္စာအားကိုးနဲ့ အဓမ္မသိမ်းတယ်။ ခိုကိုးရာမဲ့ အားနည်းတဲ့သူတွေ ဆင်းရဲရင် ဆင်းရဲပါစေ မိမိတို့ချမ်းသာကြီးပွားဖို့အတွက် ဘာမဆိုလုပ်ကြတယ်။ သိမ်းနိုင်သလောက်သိမ်းထား။ မိုက်နိုင်သလောက်
မိုက်ထားပါ။ ခဏပါပဲ။ ထိုအဓမ္မသမားများကို ကြိမ်ပိုက်ငရဲမှ အဆင်သင့်စောင့်ကြိုနေပါတယ်။
Thursday, April 24, 2014
တံမြတ်စည်းလှည်းခြင်း၏ အကျိုးကျေးဇူးကြီးမားပုံ
ယနေ့ခေတ်မှာ
ခေတ်လူငယ်များ ဘုရားရင်ပြင်၊ ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ
တံမြတ်လှည်းသန့်ရှင်းရေးလုပ်ကြ တာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။
အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊ မြို့နယ်တွေမှာရှိတဲ့
ရိပ်သာများ၊ ဘကကျောင်းများမှာ သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့
ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။
ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ တစ်ကြိမ်တစ်ခါ
တံမြတ်စည်းလှည်းရုံ နဲ့
ကောင်းကျိုးအလီလီခံစားရတဲ့ မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ်
မျှဝေချင်ပါတယ်။
သူ့နာမည်က သကိံသမ္မဇ္ဇမထေရ်လို့ ခေါ်ပါတယ်။
ဝိပဿီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်းဟာ တစ်နေ့မှာ သခွက်ဗောဓိပင်ရှေ့ရောက်တဲ့အခါ
ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့တယ်။ နောက်ပြီး အဲအပင်အောက် မှာ
ပြန့်ကျဲနေတဲ့ သစ်ရွက်တွေကို သန့်ရှင်းချင်စိတ်ပေါ်လာတာနဲ့ တံမြတ်စည်းကိုင်ပြီး
လှည်းခဲ့ပါတယ်။ တံမြတ်စည်းလှည်းခဲ့ တာလေးကို စိတ်ထဲ အပြန်အလှန် အောက်မေ့ရင်း အပြန်မှာ
စပါးကြီးမွေနဲ့တွေ့လို့ အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့ သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ
နတ်သားသွားဖြစ်ခဲ့ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။
အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ
နောက်ကျူခြင်းမရှိ၊ အမြဲကြည်လင်နေခဲ့တယ်။
နုနာ၊ ၀ဲနာ၊ ပွေးနာ၊ ၀က်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့
အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။
စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ
တည်ငြိမ်နေတယ်။ တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။
သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင်
လုပ်နိုင်တယ်။
နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ အမျက်ထွက်ဖွယ်အာရုံ၌
အမျက်မထွက်၊ တွေဝေစရာအာရုံ၌ မတွေဝေရပါ။
တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့
အပါယ်လေးပါးလားရတယ်ဆိုတာ မရှိခဲ့ပါဘူး။
နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ
အာသဝေါကုန်ခမ်းလို့ ရဟန္တာဖြစ်ရပါတယ်။
ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ
တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။ တစ်ကြိမ်တစ်ခါ စေတနာထက်သန်စွာ
တံမြတ်စည်းလှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင်
အကြိမ်များစွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။
ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး
စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ ရေးတဲ့ဆရာတော်ကိုတော့မမှတ်မိတော့ပါဘူး။
“သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ သနားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊
နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။
တံမြတ်လှည်းရခြင်းရဲ့
အကျိုးငါးပါးဖြစ်ပါတယ်။ လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော
ကြည်လင်ပါတယ်။ ဗုဒ္ဓဝေ ယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေလို့ နတ်တွေလေးစားတယ်။
ချစ်ခင်စောင့်ရှောက်တယ်။ ဂုဏ်သတင်းတွေ သင်းပျံ့တယ်။ သေရင် နတ်ပြည်ရောက်တယ်။
ဒါကြောင့် မိတ်ဆွေများအားလုံး
တံမြတ်စည်းလှည်းကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။
ကောင်းစွာအိပ်စက်နိုင်ခြင်းအကြောင်း
အလွန်အေးလှတဲ့ ဆောင်းတွင်းတစ်နေ့ ရှင်တော်ဘုရား
အာဠ၀ီမှာ သီတင်းသုံးနေချိန်ပေါ့။ မောင်ဟတ္ထကတစ်ယောက် မနက်စောစော ကျန်းမာရေးအတွက်
လမ်းလျှောက်ရင်း ရှင်တော်ဘုရားထံခဏ၀င် ပြီး ဖူးမြော်ပါတယ်။
"ရှင်တော်ဘုရား၊ ညက
ကောင်းကောင်းကျိန်းရပါသလားဘုရား"
"ကျိန်းရပါတယ် ဟတ္ထက၊ လောကမှာ
ချမ်းချမ်းသာသာအိပ်တဲ့သူတွေထဲမှာ ငါလည်း ပါတယ် ဟတ္ထက။"
"ရှင်တော်ဘုရား၊ ဆောင်းညတွေဟာ အရမ်းအေးလှပါတယ်။
နှင်းခဲတွေလည်း မပြတ်ကျနေပါတယ်ဘုရား။ နွားခြေရာတွေ ထပ်နေတဲ့ မြေတွေကလည်း
ကြမ်းတမ်းလှတယ်။ သစ်ရွက်ပမာဏကလည်း သေးတယ်။ သစ်ပင်ပေါ်က သစ်ရွက်တွေကလည်း ကျဲတယ်။
ရှင်တော်ဘုရား သင်္ကန်းသုံးထည်ကလည်း ဒီရာသီမှာ အအေးဒဏ်ကို မခံနိုင်ပါဘူးဘုရား။
ဒါတောင် ရှင်တော်ဘုရား က ကောင်းကောင်းအိပ်စက်နိုင်တယ်လို့ ပြောတယ်။ အိပ်စက်နိုင်ရခြင်းအကြောင်းလေး ဟောတော်မူပါဦးဘုရား"
"ဟတ္ထက ဇိမ်ခံမွေ့ယာပေါ်မှာ၊
ဂွမ်းကပ်ဆောင်တွေခြုံပြီး မယားလေးယောက်တို့ရဲ့ အပြုအစုကို ခံကာ အိပ်စက်သော် လည်း
လောဘ၊ ဒေါသ၊ မောဟများနေရင် အဲလူဟာ ကောင်းကောင်းအိပ်ပျော်နိုင်ပါ့မလား"
"ငါဘုရားဟာ လောဘ၊ ဒေါသ၊ မောဟတွေကို အကြွင်းမဲ့
ပယ်သတ်ပြီးလို့ အမြဲတမ်းချမ်းချမ်းသာသာနဲ့ အိပ်ရတယ်။ ဒါကြောင့် လောကမှာ
ချမ်းချမ်းသာအိပ်ရတဲ့ သူတွေထဲမှာ ငါဘုရားဟာ တစ်ယောက်အပါအ၀င်ပါပဲလို့ ပြောတာပါ။”
ဒီတော့မှ မောင်ဟတ္ထကလည်း နားလည်းသဘောပေါက်ပြီး
အားရမ်းဝမ်းသာ သာဓုခေါ်ကာ မိမိအိမ်သို့ ပြန်လှည့်လာ ခဲ့ပါတော့တယ်။
ဒါကြောင့် အားလုံးသောစာချစ်ပရိသတ်များ ကောင်းကောင်းအိပ်ပျော်ချင်ရင် လောဘ၊
ဒေါသ၊ မောဟ နည်းအောင်လုပ်ပါ။ ဘယ်ချိန်အိပ်အိပ် ချမ်းသာပါလိမ့်မယ်။
လုံးဝကင်းရင်တော့ အချမ်းသာဆုံးပါပဲ။ ကောင်းစွာအိပ်စက်နိုင်ကြပါစေ။
Tuesday, April 22, 2014
ပြိတ္တာမိသားစုရဲ့ ၀ဋ်ကျွေး
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။
"ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ် မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ဒဏ်ကို မပြတ်ခံစားနေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေတယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေတယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး"
မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။
ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါဘုရား။ လူ့ဘ၀တုန်းက
အမေကို ညဉ်းဆဲခဲ့လို့ပါ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။
ကောက်ကျစ်စင်းလဲတဲ့ ကုန်သည်ပေါ့ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။
သူမကတော့ အိမ်မှာ အသားချက်တော့ မသိအောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့
မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။ တပည့်တော်မကတော့ အဲတုန်းက
တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသားနဲ့
မရှိဘူးလို့ လိမ်ခဲ့တယ်။ ၀ှက်ခဲ့တယ်။ သူများကို ပေးကမ်းကူညီချင်းမရှိခဲ့ဘူး။
"ငါ့အိမ်မှာ ဘာပစ္စည်းမှ မရှိဘူး။ ရှိရဲ့သားနဲ့ လှို့ဝှက်ခဲ့ရင်
မစင်စားရပါစေသား" လို့လိမ်ခဲ့တယ်။ အဲဒီမကောင်းတဲ့ ကံတွေကြောင့် တပည့်တော်မ
ခုလို ပိုးလောက်ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ်ဘုရား။
"အိုး.. တယ်လည်း အပြစ်ကြီးလှပေတယ်။"
မှန်ပါဘုရား၊ ဒါကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ
အချည်းအနှီးမဖြစ်ပါဘူး။ အကျိုး ပေးမြဲပါပဲဘုရား။ အကျိုးမပေးပဲနဲ့ မနေပါဘူး။
ဒါကြောင့်လဲ မကောင်းတဲ့ ပိုးလောက်တွေ ပြည့်နေတဲ့ မစင်တွေစားနေရတာ၊
သောက်လည်းသောက်နေရ တာပါဘုရား။
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်လည်း သက်ပြင်းရှည်ချကာ ပြိတ္တာမိသားစုနှင့် ကံ၊ ကံရဲ့အကျိုး၏ ဆန်းကြယ်မူကို သံဝေဂဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ ပြန်ကြွလာပါတော့တယ်။
မကောင်းတာလုပ်မိသူကို ဘုရားတောင်မကယ်နိုင်ပါဘူး။ သူလုပ်ရပ်ကို သူကိုယ်တိုင်ပဲ ပေးဆပ်ရမြဲပါပဲ။ ကိုယ်တော်မြတ် လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတက်နိုင်။ ဘုရားရှင်ကို အသိပေးလျှောက်ထားပြီးတော့ လက်ရှိလူ့ဘ၀ရရှိနေ တဲ့ နောင်လာနောက်သားများကို ဒီပြိတ္တာမိသားစုကို ဥပမာပြပြီး မကောင်းတာမလုပ်မိအောင် နိုးဆော်ဖို့ပဲ ရှိပါတယ်။
“ပုညံဝ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။
တသ္မာ ပုညံဝ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။”
တသ္မာ ပုညံဝ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။”
“ ကောင်းကံဟာ ကောင်းကျိုးကို ဖြစ်စေတယ်။
မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။
ဒါကြောင့် ကောင်းကံကို ပြုရမယ်။
မကောင်းကံကို မပြုအပ်ပါဘူး။”
မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။
ဒါကြောင့် ကောင်းကံကို ပြုရမယ်။
မကောင်းကံကို မပြုအပ်ပါဘူး။”
ဒါကြောင့် စာဖတ်သူများအားလုံးလည်း ဒီပြိတ္တာမိသားစုကို ဆင်ခြင် သတိဝင်ပြီး မကောင်းကျိုးကို ဖြစ်စေတဲ့ကံများကို အတက်နိုင်ဆုံးရှောင်ပါ။ ကောင်းကျိုးကို ဖြစ်စေမယ့် ကောင်းကံတွေကို တက်နိုင်သမျှဆည်းပူးပါလို့ တိုက်တွန်းလိုက်ရပါတယ်။
အုပ်ချုပ်သူမကောင်းရင် တိုင်းပြည်ပျက်တယ်
သဗ္ဗံ ရဋ္ဌံ ဒုက္ခံ သေတိ ရာဇာ စေ ဟောတိ အဓမ္မိကော။
တိုင်းပြည်တစ်ပြည်တွင် အုပ်ချုပ်သူက တရားမရှိဘူး၊ အကျင့်ပျက်ခြစားရင်
အဲဒီတိုင်းပြည် အတိဒုက္ခရောက်ကြရတာပါပဲ။
The entire country plunges into misery if rulers are unrighteous, unscrupulous/corrupt.
ရှင်ဘုရင်သည် ခေါင်ချုပ်ပါ။
ခေါင်ချုပ်မလုံရင် တစ်အိမ်လုံးမိုးဆိုပါတယ်။ အချို့ကလည်း ပြည်သူတွေကလဲ ကောင်းမှ
တိုင်းပြည်တိုးတက်တယ်လို့ပြောပါတယ်။ မှန်ပါတယ်။ အုပ်ချုပ်သူသာ တရားရှိရှိနဲ့
နေပြလိုက်ပါ၊ တရားနဲ့အညီ အုပ်ချုပ်လိုက်ပါ။ ပြည်သူတွေဟာ ပြောစရာမလိုအောင်
စည်းကမ်းရှိတဲ့ ပြည်သူ၊ ယဉ်ကျေးတဲ့ ပြည်သူ ဖြစ်လာမှာပါ။ ဒါနဲ့ပတ်သက်ပြီး
ဘုရားရှင်က အဓမ္မိက သုတ်မှာ အတိအလင်းဟောထားပါတယ်။
"ချစ်သားရဟန်းတို့၊ ရှင်ဘုရင်တွေ တရားမဲ့ရင်
ဝန်ထမ်းတွေ တရားပျက်တယ်။ ၀န်ထမ်းတွေတရားပျက်ရင် ရဟန်းပုဏ္ဏားနှင့်
အိမ်ထောင်ဦးစီးတွေ တရားပျက်တယ်။ ရဟန်းပုဏ္ဏားနဲ့ အိမ်ထောင်ဦးစီးတွေ တရားပျက်ရင်
ပြည်သူတွေ တရားပျက်တယ်။ ပြည်သူတွေ တရားပျက်ရင် နေ၊လ တို့ လမ်းကြောင်းမမှန်တော့ဘူး။
နေလတို့ မမှန်ရင် ကြယ်တာရာတွေ မမှန်တော့ပါ။ ကြယ်တာရာတွေ လမ်းကြောင်းမမှန်ရင် နေ့ည မမှန်၊
နေ့ညမမှန်ရင် လတွေ နှစ်တွေ၊ ရာသီဥတုတွေ၊ လေတွေ အကုန် ပုံမှန်မဟုတ်တော့ပါ။ အဲဒါတွေ
ပုံမှန်မဟုတ်တော့ရင် နတ်တွေ စိတ်ပျက်ကြပါတယ်။ နတ်တွေစိတ်ပျက်ရင် လိုလောက်တဲ့
မိုးတွေ မရွာတော့ပါ။ လိုအပ်တဲ့မိုးမရွာရင် အသီးအနှံတွေ ပျက်စီးမယ်။ မှည့်ချိန်မှာ
မမှည့်၊ မမှည့်ချိန်မှာ မှည့်ကြမယ်။ အဲဒီပုံမှန်မဟုတ်တဲ့ အသီးအနှံတွေကို စားရင်
လူတွေ အသက်တိုမယ်ယ ရုပ်ဆိုးမယ်ဝ အားနည်းမယ်၊ ရောဂါတွေ ထူပြောမယ်။
အပြန်အားဖြင့် ရှင်ဘုရင် ကောင်းရင် ကျန်တာတွေ
အကုန်ကောင်းမယ်" ဟု ဘုရားရှင်ဟောထားပါတယ်။
ဒါကြောင့် တိုင်းပြည်ကောင်းဖို့ရာမှာ ရှင်ဘုရင် အုပ်ချုပ်သူသည်
အဓိက အခရာဖြစ်ပါသည်။
Sunday, April 20, 2014
ကုသိုလ်တစ်ခု စွဲမြဲပြု
ကုသိုလ်တစ်ခုကို အနည်းအကျဉ်းမျှဖြစ်သော်လည်း မြဲမြံစွာ ပြုကျင့်ရင် များစွာသောအကျိုးကို ရရှိပါတယ်။
ရှေးအခါက အိန္ဒိယနိုင်ငံမှာရှိတဲ့ ဟိမ၀န္တာတာကြီးထဲမှာ
ရသေ့ငါးရာ နေထိုင်ခဲ့ပါတယ်။ ဟိမ၀န္တာတောဟာ တိရိစ္ဆာန်ပေါင်းစုံ ကျက်စားတဲ့
နေရာတစ်ခုပါ။ သစ်ပင်တောတောင်ထူထပ်စွာနဲ့ အလွန်အေးချမ်းတဲ့နေရာလေးပါ။ မနက်မနက်ဆို
ငှက်ကလေး တွေ ပျော်မြူးစွာ တေးဆိုကြတယ်။ မျောက်ကလေးတွေ တစ်ပင်မှ တစ်ပင်
ကူးလူးပျော်ရွှင်နေကြတယ်။ ပန်းမျိုးစုံ၊ အသီးမျိုးစုံ နဲ့ အေးချမ်းတဲ့ တောရိပ်မြုံပါပဲ။
အပူအပင်ကင်းပြီး ဆိတ်ငြိမ်စွာ နေလို၊ ကျင့်ကြံလိုတဲ့ သူတော်ကောင်းတွေပဲ
နေလေ့ရှိပါတယ်။
အလောင်းတော်ဦးစီးတဲ့ ရသေ့ငါးရာဟာ သူ့နေရာနဲ့သူ ကိုယ်စီ
တရားအားထုတ်နေခဲ့ကြပါတယ်။ ထူးခြားတဲ့ ရသေ့တစ်ပါးကတော့ မနက်တိုင်းမနက်တိုင်းမှာ
ငှက်ကလေးတွေ၊ ယုန်သမင်စတဲ့ တောတိရိစ္ဆာန်လေးတွေကို ရေတိုက်လေ့ရှိပါ တယ်။ ရသေ့ဟာ
တိရိစ္ဆာန်လေးတွေနဲ့ အတူ အပြန်အလှန် ဖြူစင်တဲ့ မေတ္တာဓာတ်တွေနဲ့ နေ့စဉ်
ကုသိုလ်ယူခဲ့တယ်။ တံငါ နားနီး တံငါ မုတ်ဆိုးနားနီးမုတ်ဆိုးဆိုသလိုပဲ
သူတော်ကောင်းတွေအနားမှာ ကျက်စားကြတဲ့အတွက် တိရိစ္ဆာန်လေးတွေ ဟာလည်း
ယဉ်ကျေးလို့နေပါတော့တယ်။
တစ်ခုသော နွေရာသီမှာတော့ ကံဆိုးစွာပဲ
မိုးခေါင်ရေရှားတဲ့ပြဿနာတစ်ခု ကြုံလာ ပါတော့တယ်။ ရသေ့တွေရော တိရိစ္ဆာန် လေးတွေပါ
ရေအခက်တွေ့ကြရပါတယ်။ သို့ပေမယ့် ရသေ့ဟာ တိရိစ္ဆာန်လေးတွေကို သနားတဲ့အတွက်
ခတ်ခတ်ခဲခဲနဲ့ပဲ ရေ အနည်းငယ်ကို တောထဲရအောင်လိုက်ရှာခဲ့တယ်။ ပြီးတော့ သစ်တုံးတစ်တုံးကို
ထွင်းပြီး ရေခွက်လုပ်ကာ တောတိရိစ္ဆာန် လေးတွေကို နေ့စဉ် တိုက်ခဲ့ပါတယ်။
တိရိစ္ဆာန်လေးတွေအတွက် ရေရှာနေရနေရလို့ သူစားဖို့ သစ်သီးသစ်ဥ
ရှာရန်ပျက် ကွက်ခဲ့ပါတယ်။ ကိုယ်တိုင်အနစ်နာခံပြီးတော့ တိရိစ္ဆာန်လေးတွေ
ဒုက္ခမရောက်အောင် စောင့်ရှောက်ခဲ့တယ်။ ဒါကို နားလည် တဲ့ တောတိရိစ္ဆာန်လေးတွေဟာ
စုရုံးပြီး တိုင်ပင်ကြပါတော့တယ်။ "အပေါင်းအသင်းတို့ ကျေးဇူးရှင်
သူတော်စင်ရသေ့ဟာ တို့အတွက် ရေရှာနေရတဲ့အတွက် သူစားဖို့ပင် မရှာနိုင်ခဲ့ပါ။
အရမ်းကျေးဇူးကြီးမာလှပါတယ် သူငယ်ချင်းတို့။ သူတော် စင်ကြောင့် တို့အသက်ရှင်ကြရတယ်။
တို့ ဒီတိုင်းနေလို့ မဖြစ်ဘူး။ သူတော်စင်အတွက် သစ်သီးသစ်ဖုတွေ ရှာပေးမှ
တော် လိမ့်မယ်။ ဒါကြောင့် ကိုယ်နိုင်သလောက် အသီးသီး သစ်သီး သစ်ဖုရှာဖွေပြီး
ယူခဲ့ကြမှ ကောင်းလိမ့်မယ်။ သစ်သီးသစ်ဖုမပါပဲနဲ့ မလာကြပါနဲ့" ဟု သဘောတူ
ပြောဆိုကာ အသီးသီး သွားရှာကြလေတော့သည်။
နောက်နေ့မှာတော့ တောတိရိစ္ဆာန်အသီးသီး
သစ်သီးသစ်ဖု ကိုယ်စီနဲ့ ရှင်ရသေ့အား ပူဇော်ကြလေတော့သည်။ ရသေ့ လည်း
အလွန်ကျေးဇူးသိတတ်တဲ့ တိရိစ္ဆာန်လေးတွေကို ကြည့်ပြီး ပီတိဖြစ်ရပါတယ်။
သူတို့ယူလာတဲ့အသီးတွေဟာ သူထင် မကပဲ ရသေ့ငါးရာလုံး သုံးဆောင်လို့ရခဲ့ပါတယ်။ ဒါကို
တွေ့မြင်တဲ့ ရသေ့ခေါင်းဆောင်ဟာ ရသေ့အားလုံးရဲ့ရှေ့မှာ ဤကဲ့သို့
ချီးကျူးစကားဆိုလိုက်ပါတယ်။
"ကြည့်စမ်းပါဦး ရသေ့တို့၊ ရသေ့တစ်ပါးရဲ့
ကောင်းမူကြောင့် တို့အားလုံးကို တိရိစ္ဆာန်တွေက ခုလို သစ်သီးတွေနဲ့ ပေး ဆပ်ကြတယ်။
ရသေ့ဟာ သူကိုယ်တိုင် အနစ်နာခံပြီး သူများကောင်းကျိုးကို စွဲမြဲစွာ
ပြုလုပ်သောကြောင့် သူလိုအပ်တာထက် ပိုလွန်သော အကျိုးကျေးဇူးတွေကို ရိပ်သိမ်းရတယ်။
ဒါကြောင့် တို့အားလုံး သူလိုပဲ ကောင်းမူတစ်ခုလုပ်တဲ့အခါမှာ စွဲစွဲမြဲမြဲ
လုပ်သင့်ကြပေတယ်" ဟု ပြောဆို ချီးကျူးလေ၏။
ထို့နောက် ရှင်ရသေ့သည် တရားလည်းအားထုတ်၊ နေ့စဉ်
တိရိစ္ဆာန်လေးတွေကို ရေတိုက်ရင်း အေးချမ်းတဲ့ ဘ၀ကို ဖြတ် သန်းခဲ့ပါတယ်။
သေလွန်တဲ့အခါမှာတော့ ဗြဟ္မာပြည်ကို ရောက်ခဲ့ပါတော့တယ်။(အမ္ဗဇာတ်)
ဒီဇာတ်တော်မှာ ကုသိုလ်တစ်ခုကို အာစိဏ္ဏကံဖြစ်အောင် စွဲစွဲမြဲမြဲပြုမှု၊ မေတ္တာဓာတ်တွေ အပြန်အလှန်ထားရှိကာ သူ့အကျိုး ကိုယ့်အကျိုးဆောင်ရွက်မှု၊ ငှက်တိရိစ္စာန်များရဲ့ ကိုယ့်ပေါ်ပြုဘူး သူ့ကျေးဇူးကို သိရှိကာ ပြန်လည်ပေးဆပ်မူ၊ စိတ်တူကိုယ်တူ ညီညီညွတ်ညွတ်ရှိမူ စတာတွေကို သိရှိခံစားရပါတယ်။
လူရယ်လို့ဖြစ်လာလျှင် ဘ၀မှာ ဘယ်လိုနေထိုင်ကျင့်သုံးသင့်သလဲဆိုတာကို ညွန်ပြပါတယ်။ အေးချမ်းတဲ့ဘ၀တစ်ခု တည်ဆောက်ဖို့ အထက်ပါ သင်ခန်းစာများ မဖြစ်မနေလိုအပ်ပါတယ်။ ကုသိုလ်ပဲပြုပြု၊ အလုပ်တစ်ခုခုကိုပဲ လုပ်လုပ် မေတ္တာ အခြေခံပြီး စွဲစွဲမြဲမြဲ လေးလေးစားစား လုပ်ဖို့လိုပါတယ်။ တစ်ယောက်တည်းနေနေတာမဟုတ်ဘဲ ပတ်ဝန်းကျင်လူများစွာ၊ သတ္တ၀ါများစွာနဲ့ နေနေကြတဲ့အတွက် အပြန်အလှန်ကူညီရိုင်းပင်းမူ၊ ကျေးဇူးပြုမူလည်းရှိရမယ်။ အချင်းချင်းကွဲပြားစေမယ့် အပြုအမူ၊ အပြောအဆို၊ အကြံအစည်တွေ မပြုလုပ်ဘဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မူရှိစွာနဲ့ ညီညီညွတ်ညွတ် နေ ထိုင်ကြရပါမယ်။ ဒါဆိုရင်တော့ အင်မတန်အေးချမ်းတဲ့လူ့အဖွဲ့အစည်းဖြစ်လာမှာပေါ့။
ဒီနေရာမှာ မေတ္တာစွမ်းအားကြီးမားတာကိုလည်း တွေ့ရပါတယ်။ လူနဲ့ တိရိစ္ဆာန် စကားမတူတဲ့အတွက် နားမလည်သော် လည်းပဲ မေတ္တာရဲ့သဘောကို အပြန်အလှန်သိရှိကြပါတယ်။ မေတ္တာမှာ ကြားခံဘာသာစကားမလိုပါဘူး။ တစ်ကယ်အပြန် အလှန် မေတ္တာထားတယ်ဆိုရင် အလိုလိုသိကြပါတယ်။ အသိဥာဏ်နည်းတဲ့ တိရစ္ဆာန်လေးတွေတောင် မေတ္တာသဘောနားလည် ပြီး ပြန်လည်ကျေးဇူးပြုသေးရင် အသိဥာဏ်ရှိတဲ့ လူများအနေဖြင့် ပိုပြီးတော့ နားလည်တုံပြန်သင့်တာပေါ့။
ဒါကြောင့် စာဖတ်သူများအားလုံး ဒီဇာတ်တော်ကပေးတဲ့ ဘ၀နေထိုင်မူနည်းလမ်းလေးများကို နားလည်ရယူပြီး အလုပ်တစ်ခု၊ ကုသိုလ်တစ်ခုကို မေတ္တာနဲ့ယှဉ်ပြီး စွဲစွဲမြဲမြဲ ပြုလုပ်ပါ။ ကျေးဇူးတရားကို နားလည်သိတတ်ပြီး ကျေးဇူးဆပ်ပါ။ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်းထဲမှာ သင့်တင့်အောင်နေထိုင်ပါလို့ တိုက်တွန်းပါတယ်။