Thursday, January 30, 2014

ပျက်စီးခြင်း သုံးမျိုး


ဘုရားရှင်က အဂုင်္တ္တိုရ်ပါဠိတော်မှာ ပျက်စီးခြင်းသုံးမျိုး ဟောတော်မူပါတယ်။
၁။ သီလပျက်စီးခြင်း၊
၂။ စိတ်၏ ပျက်စီးခြင်း၊
၃။ အယူ၏ ပျက်စီးခြင်း။
သူများအသက် သတ်လေ့ရှိတယ်။ သူများဥစ္စာ ခိုးလေ့ရှိတယ်။ သူများသားမယား ပြစ်မှားလေ့ရှိတယ်။ မမှန်စကား၊ ဂုန်းချောစကား၊ ကြမ်းတမ်းစကား၊ အတင်းအဖျင်းစကား ပြောလေ့ရှိတယ်။ သေရည်အရက်၊ မူးယစ်ဆေးဝါး သုံးစွဲလေ့ရှိတယ်။ ထိုသူမှာ သီလတွေ ပျက်စီးနေတာပါပဲ။
စိတ်ထဲမှာ အဘိစ္ဇျာလို့ခေါ်တဲ့ မက်မောတဲ့စိတ်တွေများနေတယ်။ သူများကို ပျက်စီးစေလိုတဲ့စိတ်တွေ များနေတယ်ဆိုရင် စိတ်ဟာ ပျက်စီးနေတာပါပဲ။
ဒါန၏ အကျိုးမရှိ။ ကုသိုလ်၊ အကုသိုလ်ကံ အကျိုးမရှိ။ မိဘလုပ်ကျွေးလို့ အကျိုးမရှိ၊ နောက်ဘ၀ဆိုတာ မရှိ။ ရဟန်းသံဃာ လှူလို့ အကျိုးမရှိ ဟု ယူဆလေ့ရှိသူမှာ အယူပျက်စီးနေတာပါ။
ထိုပျက်စီးခြင်း သုံးမျိုး တစ်ခုခု ရှိနေတဲ့သူဟာ သေတဲ့အခါ ငရဲသို့ ကျရောက်ရပါတယ်။
ဒါကြောင့် အားလုံးသော ဓမ္မမိတ်ဆွေများ ပျက်စီးခြင်းသုံးမျိုးမှ ကင်းဝေးကြပါစေ။

No comments:

Post a Comment