Thursday, January 30, 2014

ဘုရားရှင်တို့၏ အဆုံးအမ


       "ချစ်သား၊ ချစ်သမီးတို့.......
ပျင်းရိခြင်းကို ဘေးအားဖြင့် ရှုမြင်ပြီး အားထုတ်းခြင်းကို ဘေးမရှိဟု ရှုမြင်လျက် ထက်သန်သော ၀ီရိယရှိသူတို့ ဖြစ်ကြ ကုန်လော့.......။
       ချစ်သား၊ ချစ်သမီးတို့.......
       ငြင်းခုံခြင်းကို ဘေးအားဖြင့် ရှုမြင်ပြီး မငြင်းခုံခြင်းကို ဘေးမရှိသောအားဖြင့် ရှုမြင်လျက် ညီညွတ်သူ၊ ပြေပြစ်သူတို့ ဖြစ် ကြကုန်လော့.......။
       ချစ်သား၊ ချစ်သမီးတို့........
       မေ့လျော့ခြင်းကို ဘေးအားဖြင့် ရှုမြင်ပြီး မမေ့လျော့ခြင်းကို ဘေးမရှိသေားအားဖြင့် ရှုမြင်လျက် မဂ္ဂင်ရှစ်ပါး အကျင့်တရားများကို ပွားများကြကုန်လော့.......။"
       ဒါဟာ မဟာကရုဏာရှင် ဘုရားရှင်တိုင်းရဲ့ အဆုံးအမတော် ဖြစ်ပါတယ်။ မှန်ပါတယ်။ ပျင်းရိသူဟာ ဆင်းရဲမွဲတေခြင်းဘေး၊ ကျရှုံးခြင်းဘေး၊ အိုဘေး၊ နာဘေး၊ သေဘေး၊ အပါယ်ဘေးစသော ဘေးများမှ မလွတ်မြောက်နိုင်ပါ။ ကျိုးစားသူတို့သာလျှင် ထိုဘေးတို့မှ လွတ်မြောက်နိုင်ပါတယ်။
       ငြင်းခုံခြင်းဟာ ညီညွတ်မှုကို ပျက်ပြားစေတယ်။ အမုန်းပွားစေတယ်။ ဘေးဖြစ်စေတယ်။ မငြင်းခုံခြင်းဖြင့်သာ အေးငြိမ်းမှုကို ရရှိနိုင်ပါတယ်။
       လောကီလူသားတွေဟာ ကာမနယ်ထဲမှာ မေ့မေ့လျော့လျော့ဖြင့် နေကြတယ်။ အနားမှာ ဘေးတွေဝိုင်းနေတယ်ဆိုတာ သတိမမှုမိကြ။ ဒါကြောင့်ပဲ ဘုရားရှင်တိုင်းက သတ္တ၀ါတွေ သံသရာဘေးကနေ လွတ်မြောက်ဖို့အတွက် သတိဝင်ပြီး မဂ္ဂင် လမ်းစဉ်ကို ကျင့်သုံးကြဖို့ တိုက်တွန်းဆုံးမတော်မူခဲ့ကြတယ်။
       "ချစ်သား၊ ချစ်သမီးတို့.......
       ဘုရားရှင်တို့၏ ဂုဏ်ကို ဘယ်ရွေ့ဘယ်မျှရှိတယ်ဆိုပြီး ကြံစည်လို့ မကုန်နိုင်ပါ။ ဘုရားရှင်တို့ရဲ့ တရားတော်ဂုဏ်ကိုလည်း ဘယ်ရွေ့ ဘယ်မျှဟူ၍ ကြံစည်လို့ မကုန်နိုင်ပါ။ မကြံစည်နိုင်သော ဘုရားရှင်တို့နှင့် တရားတော်တွေကို ကြည်ညိုကုန်သူတို့မှာ ကြံစည်လို့ မရနိုင်သော အကျိုးတရားတွေ ဖြစ်ထွန်းပါလိမ့်မယ်။"
        ဒါကြောင့် ဓမ္မမိတ်ဆွေများ ဘုရားရှင်တို့ရဲ့ အဆုံးအမကို လိုက်နာနိုင်ပြီး မကြံစည်နိုင်သော အကျိုးတရားတွေ ရရှိနိုင် ကြပါစေ။

No comments:

Post a Comment