Wednesday, January 29, 2014

မိဘနှင့် သက်ကြီးရွယ်အိုများကို လေးစားပါ


“ကျွန်ပ်တို့သည် အဖေအမေနှင့် သက်ကြီးရွယ်အိုများကို ရိုသေလေးစားရပါမယ်။ သူတို့ အသက်ကြီးလာတဲ့အခါ (သို့မဟုတ်) နေမကောင်းဖြစ်တဲ့အခါ ကျွန်ပ်တို့ ပြုစုစောင့်ရှောက်ရပါမယ်။ သူတို့ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ စေတနာ၊ မေတ္တာဖြင့် ကြည့်ရှုစောင့်ရှောက်ရပါမယ်။ သူတို့ကို သက်တောင့်သက်သာဖြင့် နေနိုင်အောင် လုပ်ပေးရပါမယ်။ သူတို့ကိုယ်သူတို့ မသန့်ရှင်းနိုင်တဲ့အခါ သန်းရှင်းစင်ကြယ်အောင် ဆေးကြောပေးရပါမယ်။

မိဘတွေဟာ သင့်ကို အမြဲတမ်းချစ်မြတ်နိုးကြပါတယ်။ သူတို့ဟာ သားသမီးတွေ နေမကောင်းတဲ့အခါ ၀မ်းနည်းတဲ့အခါ မပျော်ရွှင်တဲ့အခါ နောက်ပီး ဒုက္ခရောက်တဲ့အခါတွေမှာ အမြဲတမ်းကြည့်ရှုစောင့်ရှောက်ကြပါတယ်။

ဒါကြောင့် မိဘ၊ ဆရာသမားနှင့် သက်ကြီးရွယ်အိုများကို မှန်မှန်ကန်ကန်ပြောဆိုပါ။ လေးလေးစားစေားဆက်ဆံပါ။ မေတ္တာထားပါ။ စာနာ ကူညီပါ။ ပြုစုစောင့်ရှောက်ပါ။”

ဒါဟာ မိမိသီတင်းသုံးရာ ဘုန်းကြီးကျောင်းမှာ ၇နှစ်သားအရွယ် ဓမ္မစကူးလ်ကျောင်းသားလေး ရေးထားတဲ့ စာစီစာကုံးလေးပေါ့။ သူကတော့ အင်းဂလိပ်လို ရေးထားတာ။ အဲဒါကို မြန်မာလို အဆင်ပြေအောင် ပြန်ဆိုလိုက်တာပါ။
ရိုးရိုးရှင်းရှင်းလေးနဲ့ အဓိပ္ပါယ်ရှိအောင် တင်ပြထားတဲ့အတွက် သဘောကျလို့ တင်ပေးလိုက်ပါတယ်။

ဒီကျောင်းသားလေးရဲ့ စေတနာကိုလေးစားပါတယ်။ သူနဲ့ရွယ်သူ ကလေးသူငယ်များ၊ လူငယ်လူရွယ်များကို မိဘနှင့် လူကြီးတွေကို ရိုသေတတ်အောင် အသိပေးခြင်းပါပဲ။

ဒီကလေးရဲ့ စေတနာနဲ့တင်ပြထားတဲ့ အသိပေးစာအတိုင်း ဖေ့ဘုတ်ပေါ်မှာ ရှိနေတဲ့ ကလေးသူငယ်များ၊ ကျောင်းသူကျောင်းသားများ၊ လူငယ်လူရွယ်များအားလုံးလည်းပဲ မိဘနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျေးဇူးတရားကို အသက်ဂုဏ်သိက္ခာကို သိမြင်ပြီး ရိုသေလေးစားနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

No comments:

Post a Comment