အရှင်အနုရုဒ္ဓါမထေရ်ဟာ နတ်မျက်စိကဲ့သို့ အာရုံပြုတိုင်းသော အရာတွေကို ဖောက်ထွင်းမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုအဘိညာဉ် ရှိတယ်။ တစ်နေ့မှာတော့ မထေရ်ဟာ ဒိဗ္ဗစက္ခုအဘိညာဉ်နဲ့ ကြည်လိုက်တာ ငရဲကျနေတဲ့ အမျိုးသမီးတွေ များသော အားဖြင့် တွေ့ရတယ်။ ဒါနဲ့ ဘုရားသွားလျှောက်တယ်။
“အရှင်ဘုရား၊ ဘယ်လိုတရားတွေ ရှိတဲ့အမျိုးသမီးတွေဟာ
ငရဲသို့ ကျရောက်ပါသလဲဘုရား”
ဘုရားရှင်က အောက်ပါအတိုင်း ဖြေကြားတော်မူပါတယ်။
“အနုရုဒ္ဓါ၊ တရားသုံးမျိုးနဲ့ပြည့်စုံတဲ့
အမျိုးသမီးတွေဟာ သေပြီးတဲ့အခါ ငရဲကျတယ်။
ဘာတွေလဲဆိုရင်.......
လောကမှာ အကြင်အမျိုးသမီးဟာ...
၁။ မနက်ခါမှာ ၀န်တိုခြင်း မစ္ဆရိယ
ထကြွသောင်းကျန်းသောစိတ်ဖြင့် အိမ်မှာနေတယ်။
၂။ မွန်းတည့်အခါမှာ ငြူစူခြင်း ဣဿာ
ထကြွသောင်းကျန်းသောစိတ်ဖြင့် အိမ်မှာနေတယ်။
၃။ ညနေအခါ ကာမရာဂ ထကြွသောင်းကျန်းသောစိတ်ဖြင့်
အိမ်မှာနေတယ်။
ထိုတရားသုံးမျိုးနဲ့ ပြည့်စုံတဲ့ အမျိုးသမီးဟာ
သေတဲ့အခါ ငရဲသို့ ကျရောက်ရတယ်။” ဟု မိန့်တော်မူပါတယ်။
No comments:
Post a Comment