ဝိသာခါကျောင်းအစ်မလေးဟာ တကယ့်သူတော်ကောင်းမလေးပါ။ ရတနာသုံးပါးကို အသက်ထက်မြတ်နိုးသူပေါ့။ သို့သော်လည်း သူမရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေက အရက်ချိုး အမျိုးသမီးတွေပဲ။ သောက်တာတောင် နည်းနည်းမဟုတ်၊ စွဲစွဲလန်းလန်းကို သောက်ကြတာ။
တစ်နေ့မှာ သူငယ်ချင်းမတွေက ၀ိသာခါကို ပွဲတော်တစ်ခုမှာ
ပျော်ပျော်ပါးပါး အတူသောက်စားဖို့ ဖိတ်တယ်။ ဘယ်လိုက်မလဲ။ သူတော်ကောင်းမလေးနဲ့
လုံးလုံးဆန့်ကျင်ဘက် အပျော်အပါးအသောက်အစားတွေပဲ။ သူမ ငြင်းလိုက်ပါတယ်။
ဒီတော့ သူငယ်ချင်းတွေက “ကောင်းပြီ၊
ညည်းမလိုက်ချင်လဲနေ။ ဘုရားဆီသွားပြီးတော့သာ အလှူအတန်းတွေ သွားပြုတော့။ တို့ကတော့
ပွဲတော်မှာ ပျော်ပျော်ပါးပါး သွားကဲတော့မယ်” ဆိုပြီး သွားကြပါတော့တယ်။
နောက်နေ့မနက်ရောက်တော့ ၀ိသာခါဟာ
ဘုရားနှင့်သံဃာတော်တွေပင့်ပြီး ဆွမ်းကပ်ကာ လိုအပ်တဲ့ ပစ္စည်းလေးပါးကို လည်း
ပြည့်ပြည့်စုံစုံလှူဒါန်းပါတယ်။ နေ့ခင်းပိုင်းကျတော့လည်း
အလွန်လှပတဲ့ပန်းနှင့်အမွေးတိုင်များလှူဒါန်းရန်နှင့် တရား နာရန်အတွက်
ဇေတ၀န်ကျောင်းတော်ကို သွားရောက်ပါတယ်။
သူငယ်ချင်းမတွေဟာ အရက်အလွန်အကျွံသောက်ထားသော်လည်း
သူငယ်ချင်းဝိသာခါနှင့်အတူ ကျောင်းကို အဖော်လိုက် လာပါတယ်။ သောက်တာကလည်းလွန်လိုက်တာ။
ကျောင်းမုခ်ဝရောက်တော့ကို သောက်တုန်း။ ၀ိသာခါဟာ ကျောင်းရောက် တော့ ဘုရားကို
အရိုအသေပေးလို့ သင့်တော်မယ့်နေရာမှာ ရိုသေစွာထိုင်နေလိုက်တယ်။ သို့သော်လည်း
သူငယ်ချင်းမတွေဟာ သင့်တော်မယ့်နေရာကိုလည်း သတိမထားပဲ ကျောင်းမှန်းကန်မှန်းမသိ
ဘုရားရှေ့မှာတောင် ဖရိုဖရဲနဲ့ နေနေကြပါတော့တယ်။ အချို့က ကတယ်။ အချို့က
သီချင်းဆိုကြတယ်။ အချို့က ဒယီးဒယိုင်နဲ့။ အချို့ကတော့ အချင်းချင်းငြင်းခုံနေကြတယ်။
ဘုရားရှင်က သူတို့ကို ဆုံးမလိုတဲ့အတွက်
တန်ခိုးတော်ဖြင့် ရုတ်တရက် မှောင်မဲသွားအောင် လုပ်လိုက်တယ်။ ဒီတော့
အရက်သမားအမျိုးသမီးတွေဟာ သေမှာကို ထိတ်လန့်ကြောက်ရွံ့သွားပြီး
သောက်ထားတဲ့အရှိန်တွေလည်း ကြက်ပျောက် ငှက်ပျောက်ဖြစ်ကုန်ပါတော့တယ်။ ထို့နောက်
ဘုရားရှင်ဟာ မြင့်မိုရ်တောင်ထိတ်မှာ ရပ်တော်မူပြီး နေ၊ လထောင်ပေါင်းစွာ
ထွက်ပေါ်သလို အလင်းရောင်တွေဖြင့် ထုတ်လွင့်တော်မူလိုက်ပါတယ်။
ထို့နောက် ခြင်္သေ့သံကဲ့သို့ မိန့်ကြားလိုက်ပါတယ်။
“ဘာကြောင့် သင်တို့ကိုယ် သင်တို့ သောက်စားမူးယစ်ပြီး
ရယ်လိုက်၊ ပျော်ပါးလိုက်လုပ်နေကြတာလဲ။ သင်တို့....၊ အမြဲတမ်း လောင်ကျွမ်းနေပြီး
အမှောင်အတိဖြင့် ၀န်းရံခံနေရတဲ့သူတွေဟာ ဘယ်သူတွေလဲ? ဘာကြောင့် အလင်းကို
မရှာကြ တာလဲ?
ဒီတော့မှ အမျိုးသမီးငါးရာဟာ အသိတရားရပြီး
သံဝေဂဥာဏ်ဖြင့် ရှုမှတ်လိုက်တာ အားလုံး သောတာ ပန်တွေ ဖြစ်ကုန် ပါတော့တယ်။ (ကုမ္ဘဇာတ်)
သတ္တ၀ါတွေဟာ မောဟအမှောင်ဖုံးလွမ်းခံနေရတာ ကြာပါပြီ။
အမှောင်ထဲမှာ မမြင်မစမ်းနဲ့ လမ်းမှားတွေလိုက်နေကြတယ်။ အမှောင်ခွင်းနိုင်မယ့်
အလင်းကို ရှာသင့်ကြပါပြီ။ သတိတရားနိုးထကာ ကောင်းမှုများစွာဆည်းပူးခြင်းဖြင့်
အလင်းကို ရှာနိုင်ကြ ပါစေ။
No comments:
Post a Comment