လောကီလူသားတွေ စီးပွားရေး ရင်းနှီးမြုပ်နှံကြတဲ့အခါ အရှုံးပေါ်တာလဲ ရှိတယ်။ အမြတ်နည်းတာလည်း ရှိ တယ်။ အမြတ်များတာလည်း ရှိတယ်။ အချို့က သိန်းတစ်ထောင်ရင်းတယ်။ တစ်ပြားမှ ပြန်မရဘူး။ အချို့က သိန်း တစ်ထောင်ရင်းတယ်။ သိန်းငါးရာ အမြတ်ပြန်ရတယ်။ အချို့က သိန်းတစ်ထောင်ရင်းတယ်။ တစ်ထောင်ပြန်ရတယ်။ အချို့ကတော့ သိန်းတစ်ထောင်ရင်းတယ်။ နှစ်ထောင်လောက် ပိုမြတ်တယ်။ စီးပွားရေး အခွင့်အလမ်းနဲ့၊ အားထုတ် တာချင်းလည်းတူတယ်။ အမြတ်ကျတော့ ကွာနေတယ်။ အဒါဟာ ပစ္စုပ္ပန်အားထုတ်မှုပေါ်မှာ မူတည်သလို အတိက် က ကံအပေါ်မှာလည်း မူတည်ပါတယ်။ အားထုတ်တာချင်းလည်းတူ အခွင့်အလမ်းချင်းလည်းတူပြီး အမြတ်ကွာနေ တာကျတော့ ဘာကြောင့်ကွာသလဲဆိုရင် အတိက်ကံကွာတယ်လို့ ပြောရမှာပါပဲ။ ဘုရားရှင်ဟောကြားတော်မူတဲ့ အတိက်က ကံအကြောင်းတရားလေးတွေရဲ့ အကျိုးသက်ရောက်မှုကို ကြည့်ရအောင်။
တစ်နေ့မှာ အရှင်သာရိပုတ္တရာက ဘုရားရှင်ကို မေးလျှောက်တယ်။ "အရှင်ဘုရား လောကမှာ အချို့ကုန် သည်တွေဟာ သူများတွေနဲ့ ကုန်သွယ်တာခြင်းတူတယ်။ ဒါပေမယ့် အရှုံးပေါ်တယ်။ အချို့ကုန်သည်တွေမှာ ကုန်သွယ်တာခြင်းတူပေမယ့် အမြတ်က မှန်းသလောက်မရဘူး။ နည်းနေတယ်ဘုရား။ အချို့ကုန်သည်တွေမှာတော့ ကုန်သွယ်တာခြင်းလည်း တူတယ်။ အမြတ်လည်း မှန်းသလောက်ရတယ်ဘုရား။ အချို့ကုန်သည်တွေကျတော့ အမြတ်က မှန်းတာထက် နှစ်ဆပိုရနေတယ်ဘုရား။ အဲဒါဘာကြောင့်ပါလဲဘုရား"
ဒီတော့ ဘုရားရှင်က "သာရိပုတ္တရာ၊ အချို့ကုန်သည်တွေဟာ အရင်ဘ၀က ရဟန်းသံဃာ၊ ပုဏ္ဏား၊ စတဲ့ အလှူခံပုဂ္ဂိုလ်တွေကို ဒီပစ္စည်းကို အလှူခံရန် ကြွတော်မူပါလို့ ဖိတ်ထားတယ်။ တကယ်ကြွလာတဲ့အခါ မှာ ဘာ ပစ္စည်းမှ မလှူပဲနေတယ်။ ဒါကြောင့် ဒီဘ၀ ကုန်ရောင်းကုန်ဝယ်လုပ်တဲ့အခါ အရှုံးပေါ်ပြီး ပျက်ဆီးခြင်း သို့ရောက် တယ်။
အချို့ကုန်သည်တွေဟာ အရင်ဘ၀က အလှူခံပုဂ္ဂိုလ်တွေကို အလှူခံကြွဖို့ ဖိတ်တယ်။ တကယ်ကြွလာတဲ့အခါ အရင် ရည်မှန်းထားတဲ့ အလှူပစ္စည်းထက် ညံ့သော ပစ္စည်းကို လှူတယ်။ ဒါကြောင့် ဒီဘ၀မှာ အရောင်းအ၀ယ် လုပ်တော့ မှန်းထားတဲ့အမြတ်ထက် နည်းပြီးရတယ်။
အချို့ကုန်သည်တွေဟာ အရင်ဘ၀က အလှူခံပုဂ္ဂိုလ်တွေကို ဖိတ်ထားတယ်။ ကြွာလာတဲ့အခါမှာ ရည်မှန်းထား တဲ့အတိုင်း အလှူပစ္စည်းတွေကို လှူတယ်။ ဒါကြောင့် ဒီဘ၀ အေ၇ာင်းအ၀ယ်လုပ်တဲ့အခါ မှန်းထားတဲ့အတိုင်း အကျိုးအမြတ်ရတယ်။
အချို့ကုန်သည်တွေဟာ အရင်ဘ၀တုန်းက အလှူခံပုဂ္ဂိုလ်တွေကို ဖိတ်တယ်။ ကြွလာတဲ့အခါ ရည်မှန်းထား တာထက် ပိုကောင်း၊ ပိုများတဲ့ အလှူပစ္စည်းကို ပေးလှူတယ်။ ဒါကြောင့် ဒီဘ၀ ကုန်သွယ်တဲ့အခါ မှန်းတာထက် အဆများစွာ ပိုရတယ်"လို့ ဖြေတော်မူပါတယ်။
ယခုပစ္စုပ္ပန်မှာလည်း ကံတွေလုပ်နေကြတာပါပဲ။ စီးပွားရေးလည်းလုပ်ကြတယ်။ စီးပွားရေးကောင်းဖို့အတွက် တစ်ဖက်က ကုသိုလ်ရေးလည်း လုပ်ကြတယ်။ ကောင်းပါတယ်။ စီးပွားရေး ရေရှည်တည်တန့်ဖို့အတွက် ကုသိုလ်နဲ့ ထိန်းပေးတာပါ။ စီးပွားသက်သက်ပဲဆိုရင် ထင်သလောက်မအောင်မြင်ပါဘူး။ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်လေး လည်း အလျဉ်းသင့်သလို လုပ်းပေးရပါမယ်။ အချို့သောချမ်းသာကြွယ်ဝတဲ့သူတွေတွေ့ဖူးပါတယ်။ လှူတာတန်း တာလည်း အံသြစရာကောင်းလောက်အောင် လှူတယ်။ လှူနိုင်အောင်လည်း လုပ်သမျှစီးပွားရေးတွေက အောင်မြင် တယ်။ လှူလေ လှူစရာဥစ္စာပစ္စည်းက ပိုတိုးလာလေ။ သူ့ဘ၀ဟာ အဖက်ဖက်က ပြည့်စုံနေတယ်။ လက်ရှိဘ၀မှာ လည်း မပူမပင်မကြောင့်မကြနေနိုင်တယ်။ သံသရာရိက္ခာအတွက်လည်းပဲ ဒါန၊ သီလ၊ ဘာဝနာကုသိုလ်ဆည်း ပူးနေတယ်။ သူရဲ့ဂုဏ်သတင်းဟာ အရပ်လေးမျက်နှာပျံ့နှံ့နေတယ်။ အရမ်းကို အားကျစရာကောင်းပါတယ်။ ဒါကြောင့် စီးပွားရေးကို ကုသိုလ်နဲ့တွဲဖက်လုပ်ကြဖို့ တိုက်တွန်းပါတယ်။
No comments:
Post a Comment