Wednesday, March 26, 2014

ရရှိခြင်းနဲ့ ဆုံးရှုံးခြင်း


       ရရှိခြင်းနဲ့ ဆုံးရှုံးခြင်း (Gain and Loss) ဟာ လူသားတိုင်းတွေ့ကြုံရမယ့် တရားပါ။ တရားသော နည်းနဲ့ဖြစ်ဖြစ်၊ မတရားသောနည်းနဲ့ဖြစ်ဖြစ်၊ ရရှိခြင်းသည် လူသားတွေ ရှာဖွေနေတဲ့ ပျော်ရွှင်ကြည်နူးမူ အချို့ကို ဖြစ်စေပါတယ်။ ပျော်ရွှင်ကြည်နူးမှုမရှိတဲ့ဘ၀ဟာ နေဖို့မထိုက်တန်ပါဘူး။ 

       အပြိုင်အဆိုင်လောကကြီးမှာ လူသားတွေရဲ့ နှလုံးသားကို ကြည်နူးစေတဲ့ ပျော်ရွှင်မှုမျိုး ပိုင်ဆိုင်နိုင်ဖို့ ခတ်ပါတယ်။ လူတွေဟာ ရရှိလာရင် ပြုံးပျော်နိုင်ကြပေမယ့်။ ဆုံးရှုံးမူတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင်တော့ ၀မ်းနည်းကြပါတယ်။ အဲဒီလိုမဖြစ်အောင် မိမိတို့ရဲ့ ကိုယ်ကျင့်သတ္တိကို ထုတ်ဖော်ရပါမယ်။ မိမိတို့ရဲ့ စိတ်ကိုလည်း balance ဖြစ်အောင်ထားရပါမယ်။

       All have ups and downs while battling with life
       ဘ၀တိုက်ပွဲ ဆင်နွှဲနေစဉ်မှာ အတက်အကျဆိုတာ ရှိပါတယ်။

       Expect the best, but prepare for the worst
       အကောင်းဆုံးရရှိဖို့ကိုလည်း မျော်လင့်ထားပါ။ ထို့အပြင် အဆိုးဆုံးကြုံလာလျှင်လည်း ခံနိုင်ရည် ရှိအောင် ပြင်ဆင်ထားပါ။

       တစ်စုံတစ်ယောက်ဟာ ပစ္စည်းတစ်ခုခု အခိုးခံရရင် သဘာဝအားဖြင့် ၀မ်းနည်းပါတယ်။ ဒါပေမယ့် အဲလို ၀မ်းနည်းနေလို့ ခိုးတဲ့သူက ပြန်လာပေးမှာမဟုတ်ပါဘူး။ ပြန်မရနိုင်တော့သည့်အဆုံး ဆုတောင်းပေး လိုက်ပါ။ "အော် ဒီလူဟာ မတရားတဲ့နည်းနဲ့ ရသွားသော်လည်း ဒီပစ္စည်းဟာ သူ့အတွက် အသုံးတည့်ပါ တယ်လေ။ သူ ကောင်းမွန်စွာ သုံးပါစေ။ ပျော်ရွှင်ပါစေ" လို့ဆုတောင်းပေးလိုက်ပါတဲ့။ ၀မ်းမနည်းတော့ပါ ဘူး။

       ဒါမှမဟုတ်၊ မိမိကိုယ်ကိုယ် ဆုံးမလိုက်ပါ။ "ဒါဟာ အသေးအမွှားဆုံးရှုံးမှုပါပဲ။ လောကမှာ ငါ၊ ငါ့ဥစ္စာ လို့ ခေါ်ရမယ့် ပစ္စည်းတစ်ခုမှ မရှိပါဘူး" ဟု ကိုယ့်ကိုယ်ကို စဉ်းစားလိုက်ပါ။ ၀မ်းနည်းမူတွေ ပျောက်သွားပါလိမ့်မယ်။

No comments:

Post a Comment