ဘုရားသာသနာနဲ့
ကြုံဖို့ မပြောနဲ့ ဘုရားဆိုတဲ့အသံကို ကြားရဖို့ပင် အလွန်ခဲရင်းပါတယ်။ ဓမ္မ မိတ်ဆွေ ဗုဒ္ဓဘာသာဝင်များ အရမ်းကံကောင်းကြပါတယ်။ ကောင်းတဲ့အရပ်မှာ မွေးလို့ပါ။ ကောင်းတဲ့ တရားတွေ တည်ရှိနေလို့
ကောင်းတဲ့အရပ်လို့ပြောတာ။ ဒီအချိန်အခါကို စာပေမှာတော့ ဗုဒ္ဓုပ္ပါဒန၀မ က္ခဏလို့ဆိုပါတယ်။
ဘုရားမပွင့်တဲ့ ကမ္ဘာတွေ အများကြီးပါ။ ခုလက်ရှိကမ္ဘာမှာတော့ ဘုရားငါးဆူပွင့်ရပါ တယ်။ ဘုရားတစ်ဆူရဲ့
သာသနာသက်တမ်းဟာ အလွန်တိုတောင်းလှတယ်။ ခုဆိုရင် နှစ်သန်းပေါင်း များစွာ မရေမတွက်နိုင်တဲ့အထဲက
ခန့်မှန်းခြေ သာသနာငါးထောင်သက်တမ်းလေးထဲမှာ လူလာဖြစ်ဖို့ဟာ အရမ်းခတ်ခဲပါတယ်။ ဒါကြောင့်
ခုရောက်ရှိနေတဲ့ ကောင်းမြတ်တဲ့ ဒေသလေးမှာ လူလာဖြစ်တာကို ဂုဏ်ယူ လိုက်ပါ။
ကျမ်းလာအရ
မကောင်းတဲ့ အရပ်ရှစ်မျိုးရှိပါတယ်။
၁။
ငရဲဘုံ = အချိန်ပြည့် ငရဲဆင်းရဲခံစားနေရတဲ့အတွက် သူတော်ကောင်းတရားကျင့်ဖို့ မပြောနဲ့
ကြားရဖို့တောင် အချိန်မရပါဘူး။
၂။
တိရိစ္ဆာန်လောက= အိပ်၊ စား၊ ကာမ သုံးမျိုးပဲ ခံစားနေရပြီး အမြဲထိတ်လန့်စွာနေရလို့ သူတော်ကောင်း တရားကျင့်ဖို့ရာ
မဖြစ်နိုင်ပါ။ ခုခေတ်မှာဆို လူတွေရဲ့ စားသောက်ကုန်ဖြစ်နေတဲ့အတွက် အလှည့် ကျသေနေကြရတာပါ။
၃။
ပြိတ္တာလောက = အချိန်မစဲ ပူလောင်ခြောက်ကပ်၊ အစာငတ်၊ အနိုင်ကျင့်ခံနေရတဲ့အတွက် သူတော်ကောင်းတရား
ကြားရဖို့ ကျင့်နိုင်ဖို့ အိမ်မက်တောင် မက်ချိန်မရပါဘူး။
၎။
အသညသတ်လောက= သူတော်ကောင်းတရား ကြာနာရဖို့ နားအကြည်ဓာတ်မရှိပါဘူး။ တရား မကြားရလို့ အကျင့်မြတ်ကို
ကျင့်ဖို့ အခွင့်မရပါဘူး။
၅။
ပစ္စန္တရာဇ်အရပ် = အရမ်းဝေးလံခေါင်ပါးတဲ့ နေရာတွေပါ။ ဘုရားသားတော်ရဟန်းတော်၊ လူသာသ နာပြုပုဂ္ဂိုလ်များ
မသွားရောက်မဟောကြားနိုင်တဲ့အတွက် နားရှိသော်လည်း သူတော်ကောင်းတရား နာ ကြားခွင့်မရ။ ပြုကျင့်ခွင့်
မရနိုင်ပါ။
၆။
မိစ္ဆာဒိဋ္ဌိအယူရှိခြင်း = ကောင်းတာလုပ်လဲ ကောင်းကျိုးဆိုတာမရှိ၊ မကောင်းတာလုပ်လဲ မကောင်းကျိုး မရှိဟု
အယူမှားတဲ့သူ။ ကုသိုလ်အကုသိုလ်ဆိုတာလဲ မရှိဘူး။ ကြိုက်တာလုပ်၊ လုပ်ပြီးရင် ပြီးသွားတာပဲလို့
ယူဆပြီး အယူမှားနေတဲ့သူ။ အဲလိုလူမှာ တရားမသိနိုင်ပါ။
၇။
ပညာမဲ့ပြီး မိုက်မဲ ဆွံ့အနေတဲ့သူ = သာသနာတည်တဲ့အရပ်မှာ လူလာဖြစ်သော်လည်း အသိဥာဏ် ထိုင်းပြီး
မိုက်မဲဆွံအနေပါမူ ကုသိုလ်စကား၊ အကုသိုလ်စကား နားမလည်နိုင်ပါဘူး။ နားမလည်တဲ့အတွက်
မကျင့်နိုင်ပါဘူး။
၈။
ဘုရားမပွင့်သောအခါ ဖြစ်ခြင်း = ဘယ်လောက်ပင် ဥာဏ်ထက်မြတ်စေကာမူ ဘုရားမပွင့်တဲ့ကာလမှာ
လာဖြစ်ရင်တော့ သီလ၊ သမာဓိ၊ ပညာအကျင့်မြတ်ကို ကြားနာပြုကျင့်ဖို့ အခွင့်မရှိပါဘူး။
ဒါတွေဟာ
မဖြစ်ထိုက်တဲ့ အရပ်ရှစ်ပါးလို့ ခေါ်ပါတယ်။
အဲရှစ်ပါး
လွန်မြောက်ပြီး ဘုရားအဆုံးအမတည်ရာ သာသနာကာလနဲ့လည်းကြုံတယ်။ နားကြားနိုင် စွမ်းရှိတယ်။
ကျင့်သုံးနိုင်စွမ်းလည်းရှိတယ်။ အယူလည်း မှန်တဲ့ အခါအခွင့်ကိုတော့ ကိုးခုမြောက်အခါ အခွင့်ဖြစ်လို့
ဗုဒ္ဓုပ္ပါဒန၀မက္ခဏလို့ ခေါ်ပါတယ်။ ယခု ဗုဒ္ဓဘာသာဝင်များရရှိနေတဲ့ အခါခွင့်ပါပဲ။ အဒီအခါ အခွင့်ကို
အဆုံးအရှုံးမခံပါနဲ့။ စာပေလေ့လာပါ။ ကြားနာပါ။ တရားသိအောင်လုပ်ပါ။ ကျင့်ပါ။
No comments:
Post a Comment