သီလရှိခြင်းသည် အိုသည့်တိုင်အောင် ချမ်းသာ၏။
Good
is virtue until life's end.
သီလဟာ
ဘ၀ရဲ့ဖောင်ဒေးရှင်းပါ။ သီလပျက်ရင် ဖောင်ဒေးရှင်းပျက်တာပါပဲ။ ဖောင်ဒေးရှင်းပျက်ရင်
အဆောက်အအုံဟာ တန်းပြိုကျတာပါပဲ။ သီလပျက်ရင်လည်း ဘ၀ဟာ ပြိုလဲပြီး ငရဲထိကျသွားပါတယ်။
ဒါကြောင့် ဘ၀အဆောက်အဦးရဲ့ ဖောင်ဒေးရှင်းကို ခိုင်အောင်လုပ်ပါ။ အိုသည့်တိုင်အောင်၊
နောက်ဆုံး နိဗ္ဗာန်တိုင်အောင် ချမ်းသာပါလိမ့်မယ်။
အခိုင်အမြဲတည်သော
သဒ္ဓါတရားရှိခြင်းသည် ချမ်းသာ၏။
Good
is faith that is steadfast.
ယုံကြည်တဲ့သဒ္ဓါတရား၊
ရက်ရောစွန့်ကြဲတဲ့ သဒ္ဓါတရားဟာ ဖောင်ဒေးရှင်းခေါ်တဲ့ သီလပေါ် မှာ ဆောက်လိုက်တဲ့ တိုက်တစ်လုံးပါ။
သီလဖောင်ဒေးရှင်းပေါ်မှာ ဆောက်လိုက်တဲ့အတွက် ခိုင်မြဲပါ တယ်။ ရေ၊ မီး၊ မင်းဆိုး၊ ခိုးသူ၊
မချစ်မနှစ်သက်တဲ့သူဆိုတဲ့ ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်တော့ပါဘူး။ သဒ္ဓါ တရားခိုင်မြဲအောင်
ဘာသာရေးလိုက်စားပါ။ ကျင့်သုံးပါ။ တရားနာပါ။ တရားကျင့်ပါ။ ကိုယ့်မျိုးဆက်တွေကို လည်း
ဘာသာတရားအဆုံးအမ ရိုက်သွင်းပေးပါ။ ဘ၀အဆောက်အဦးလှပါလိမ့်မယ်။
အသိဥာဏ်ပညာကို
ရခြင်းသည် ချမ်းသာ၏။
Good
is the acquisition of wisdom.
အသိဥာဏ်ဟာ
ဘ၀ဖာင်ဒေးရှင်းနဲ့ သဒ္ဓါတိုက်အိမ်ကို မွမ်းမံပေးသော၊ မပျက်ဆီးအောင် ကာ ကွယ်ပေးသော အကာအကွယ်ပေါ့။
ကျောင်းမှာလေ့လာထားတဲ့ ဗဟုသုတ၊ ဘ၀မှာ ကြုံ တွေ့ရတဲ့ ဗဟုသု တတွေကို အခြေခံပြီး အမှန်ကို
နားလည်တာဟာ ပညာပါပဲ။ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိတာ ဟာ ပညာပါပဲ။ ကုသိုလ်အကုသိုလ်ကို
ခွဲးခြားသိတာ ပညာပါပဲ။ အဲဒီပညာသာ ပြည့်စုံသွားရင် သီလဖောင် ဒေးရှင်းနဲ့ သဒ္ဓါတိုက်အိမ်ဟာ
ခိုင်သထက်ခိုင်သွားပါပြီ။ ချမ်းသာအစစ်ကို ရပါပြီ။
မကောင်းမှုကို
မပြုခြင်းသည် ချမ်းသာ၏။
“ Good
is the avoidance of evil.
အထက်က
သုံးမျိုးပိုင်ဆိုင်ထားတဲ့သူဟာ မကောင်းမှုကို မပြုတော့ပါဘူး။ ဘာလို့လဲဆိုရင် မကောင်းမှု ကိုပြုရင်
စောစောက ဖောင်ဒေးရှင်းတွေ၊ တိုက်အိမ်တွေဟာ ပြိုလဲသွားမယ်ဆိုတာ သိထားတဲ့ အတွက် ကြောင့်ပါပဲ။
No comments:
Post a Comment