Saturday, March 1, 2014

အမှားကိုပြင်၍ အမှန်ကိုမြင်ခြင်း


       အရှင်အဂုင်္လိမာလမထေရ်ဟာ တစ်ခုသောနံနက်ခင်းမှာ သာဝတ္ထိမြို့ထဲ ဆွမ်းခံကြွတော်မူပါတယ်။ ကံမကောင်းစွာပဲ တစ်ချိန်ကမှားခဲ့တဲ့ အရိပ်မဲကြောင့် ခဲဆွမ်းတွေပဲ ရခဲ့ပါတယ်။ မထေရ်မြို့ထဲ ၀င်ဝင်ချင်းမှာပဲ မြို့သူမြို့သားတွေက ရွံခဲတွေ၊ တုတ်ချောင်းတွေ၊ အိုးကွဲအပိုင်းအစတွေနဲ့ ပစ်ပေါက်ခဲ့ကြတယ်။ ဒါကြောင့် အဲနေ့မှာ ဆွမ်းမရပဲ ခဲဆွမ်းတွေပဲ ရခဲ့တာပေါ့။ ဆွမ်း တစ်စိမှမရခဲ့ပဲ ဦးခေါင်းကဲ၊ သပိတ်ကွဲနဲ့ သင်္ကန်းလည်း ပြဲပြီး သွေးတွေလည်း စီးကျနေပါတယ်။ ဒါကို မြင်တော်မူတဲ့ ဘုရားရှင်က မထေရ်ကို နှစ်သိမ့်ပါတယ်။
       "သည်းခံလော့ အင်္ဂုလိမာ၊ သည်းခံလော့၊ တကယ်တော့ သင်ဟာ ငရဲမှာ နှစ်ထောင်ပေါင်းများစွာ အနှိပ်စက်ခံရမယ့် အကု သိုလ်တွေပြုခဲ့တာ။ ဒါပေမယ့် အရဟတ္တမဂ်နဲ့ ပယ်ဖျက်ခဲ့လို့ ခုခဏချိန်လေးမှာပဲ အကျိုးဆက်အနေနဲ့ ကြုံတွေ့ခံစားရတော့တာ ပါ"
       နောက်ပိုင်းတွင် အရှင်အင်္ဂုလိမာလမထေရဲဟာ ဆိတ်ငြိမ်တဲ့အရပ်မှာ တစ်ပါးတည်း သီတင်းကာ လွတ်မြောက်မူချမ်းသာ ကို ခံစားရင်း အောက်ပါအတိုင်းကြွေးကြော်ခဲ့ပါတယ်။
       "အရင်တုန်းက ပေါ့ပေါ့ဆဆနေခဲ့တဲ့သူဟာ ခုတော့ သတိတရားနဲ့ပြည့်စုံနေပြီ။ အရင်တုန်းက မကောင်းမူ၌ မွေ့လျှော်ခဲ့တဲ့ သူဟာ ခုတော့ ကိုယ်ကျင့်တရားနဲ့အညီ ကျင့်သုံးနေပြီ။
       ကိုယ်တိုင် ဘုရားရှင်အား ယုံကြည်ကိုယ်းကွယ်တဲ့သူဟာ တိမ်မှကင်းလွတ်တဲ့ လလိုပဲ လောကကြီးကို အလင်းရောင်ပေး တယ်။
       ရန်ဘက်အားလုံးသည် တရားတော်ကိုကြားနာရပြီးနောက် ကျွန်ပ်ကဲ့သို့ ဘုရားကို ကိုးကွယ်ယုံကြည်နိုင်ကြပါစေ။            
       သံဃာတော်များကိုလည်း လှူတန်းနိုင်ကြပါစေ။ မြင့်မြတ်တဲ့ သီလတွေကိုလည်း စောင့်ထိန်းနိုင်ကြပါစေ။
       ငါ့ထံသို့ ကျရောက်လာမယ့် ဒေါသကို စွန့်လွတ်ခြင်းဖြင့် ၄င်းတို့ရဲ့ စိတ်မှဖြစ်ပေါ်လာတဲ့ ဒေါသအားလုံးကို ပယ်ဖျက်နိုင် ပါစေ။
       သတ္တ၀ါအားလုံးအပေါ်မေတ္တာထားခြင်းဖြင့် ငြိမ်းချမ်းမူကို ရှာတွေ့နိုင်ပါစေ။
       တူးမြောင်းဖောက်တဲ့သူဟာ ရေကို တူးမြောင်းအတိုင်း လမ်းညွန်သလို၊
       လေးသမားဟာ မြှားကို ဖြောင့်အောင်လုပ်သလို၊
       လက်သမားဟာ ချိန်ခွင်လက်ကို ဖြောင့်အောင်ပြုသလို၊
       ပညာရှိဟာလည်း ကိုယ့်ကိုယ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်ပါတယ်။
       ငါရဲ့လက်တွေဟာ တစ်ချိန်က သွေးစွန်းခဲ့တယ်၊ လက်ချောင်းတွေကို ပန်းလိုသီကုံးပြီး ဓားမြတိုက်ခဲ့တယ်။ ခုခါမှာတော့ "အန္တရာယ်မပြုခြင်းဟာ" ငါပေးထားတဲ့နာမည်၊ ငါသစ္စာဆိုထားတဲ့အမှန်တရားပဲ။
       ငါလုပ်ခဲ့တဲ့အပြစ်ဟာ ခုအကျိုးဆက်အနေနဲ့ ခံစားရတယ်၊ အကယ်လို့ ဘုရားရှင်သာ လမ်းမပြရင် ငါဟာ ငရဲမှာ စီရင်ချက် ချခံရမယ်။
       မည်သူမျှ သတိလက်လွတ်မနေကြပါစေနဲ့၊ ကာမဂုဏ်တွေနောက်ကို မလိုက်စားကြပါစေနဲ့။ အားလုံး ၀ိရိယဖြင့် ကာမဂုဏ် မှလွတ်မြောက်အောင် ကျိုးစားအားထုတ်နိုင်ကြပါစေ။
       ရတနာသုံးပါးကို ခိုလှုံခြင်းဖြင့် ပြည့်စုံတဲ့ ချမ်းသာမူတွေကို ရရှိကြပါစေ။
      ငါဟာ လုပ်ရမယ့်ကိစ္စကို လုပ်ပြီးပြီ၊ ငါ့မှာ ပြန်လည်မွေးဖွားခြင်းဆိုတာ မရှိတော့ပြီ။

No comments:

Post a Comment