Life is uncertain, death is certain.
At the moment of death, one
wouldn't have time enough for spiritual practice.
Cultivating mindfulness of
death while we are alive is very important.
google ထဲမှာ စာတွေလိုက်ဖတ်ရင်းနဲ့ ဖြစ်၇ပ်မှန်ဇာတ်လမ်းတစ်ပုဒ် သွားတွေ့တယ်။
သူမရဲ့ နာမည် က Supphatra တဲ့။ သူမ ရှစ်နှစ်သမီးတုန်းကပေါ့။ တစ်နေ့မှာ သူမဟာ သွေးလွန်တုပ်ကွေးရောဂါ
အကြီး အကျယ်ခံစားရတယ်။ နောက်ဆုံးအခြေအနေမကောင်းတော့ operation ၀င်ရတဲ့အဆင့်ထိရောက်သွားပါ တယ်။
သူမကို ICU အနေနဲ့ ကုသဖို့ထိ ဖြစ်လာတယ်။ ဒါနဲ့ အခန်းထဲမှာ ဆရာဝန်တွေနဲ့ operation လုပ်ဖို့
ပြင်ဆင်ကြတာပေါ့။ သူမကို ထုံဆေးထိုးပေးတယ်။ မခွဲစိပ်ခင်လေးမှာ သူမအမေ သူမကို သတိပေး ခဲ့တဲ့
စကားလေး သတိရလိုက်တယ်။ "သမီး ခွဲစိပ်တုန်း သတိရှိနေတဲ့ အချိန်တိုင်းမှာ ဘုရားပုံရိပ်ကို
အာ ရုံပြုပြီး ဗုဒ္ဓေါလို့စိတ်ထဲက ရွတ်ဆိုဖို့ မမေ့ပါနဲ့"။ ဒါနဲ့ သူမအမေပြောခဲ့တဲ့အတိုင်း
ရွတ်နေခဲ့တယ်။ အဲဒီ အချိန်မှာ သူမ၀ိညာဉ်ဟာ ကိုယ်ထဲကနေ ခွာသွားသလိုပါပဲ။ သူမသိတာကတော့
သူမဟာ ခွဲစိပ်ခန်းအပြင် မှာ ရပ်နေခဲ့တာပဲ။ ရပ်နေစဉ်မှာ လူကြီးတစ်ယောက်ဦးဆောင်ပြီး
နောက်က လူလေးယောက် သူမရှေ့ ကနေ ဖြတ်သွားတာကို မြင်ရတယ်။ သူတို့အားလုံးဟာ မျက်တွင်းတွေကျပြီး
ပင်ပန်းနေပုံရတယ်။ ဒါနဲ့ သူမဟာ မယောင်မလည်နဲ့ သူတို့နောက်ကို လိုက်သွားမိတယ်။ ခဏကြာတော့
ခေါင်းဆောင်ထင်ရတဲ့ လူကြီးက သူမဘက်ကိုလှည့်ကြည့်တယ်။ ပြီးတော့ ပြောတယ် "ဒီမှာ
ကလေးမ၊ လိုက်မလာပါနဲ့။ စာရင်း စာအုပ်ထဲမှာ မင်းနာမည်မပါဘူး။ ပြန်သွားလိုက်ပါ။ ကောင်းကောင်းနေပါ။"
ပြောပြီး ဆက်သွားကြပါတယ်။ သူမလည်း အခန်းကို ပြန်လာခဲ့တယ်။
သူမဟာ ဘယ်လောက်ကြာကြာ သတိလစ်နေသလဲမသိလိုက်ပါ။
နောက်တော့ သူမရဲ့အမေက တစ်ယောက်ယောက်ကို စကားပြောနေတာ ကြားလိုက်ပါတယ်။ အမေဟာ သူမကို
အရမ်းစိုးရိမ်နေပါ တယ်။ သူမ သတိပြန်ဝင်လာပါတယ်။ ဒါနဲ့ သူမဟာ ကိုယ့်ကိုယ်ကို မသေသေးဘူး။
ရှင်နေသေးတယ်ဆို တာကို သိလိုက်ပါတော့တယ်။ အဲဒီအချိန်ကစပြီး သူမဟာ သေခြင်းတရားနောက်ကွယ်မှာ
ရှိနေတဲ့ အပါယ်လေးပါးကို ကြောက်ရွံထိတ်လန့်ပြီး ယမမင်းရဲ့ စားရင်းထဲမပါအောင် ကောင်းကောင်းနေခဲ့ပါတော့ တယ်။
No comments:
Post a Comment