ေ လာကမွာ ဂုဏ်ရှိခြင်းနဲ့ ဂုဏ်မဲ့ခြင်းဟာလည်း ဒွန်တွဲနေတဲ့ အရာတစ်ခုပါပဲ။ အချို့လူတွေဟာ ဂုဏ်ရှိ ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ရုန်းကန်နေကြပါတယ်။
သတင်းစာမှာ ကိုယ့်နာမည်ပါဖို့အတွက် အမျိုးမျိုးကျိုးစား ကြတယ်။
တီဗွီဖန်သားပြင်မှာ ထင်ရှားဖို့အတွက်လည်း နည်းအမျိုးမျိုးနဲ့ ကျိုးစားကြလေရဲ့။
စာဖတ်သူများသိထား၇မှာက ဂုဏ်နောက်ကို လိုက်နေတဲ့သူမဖြစ်ပါစေနဲ့။ ဂုဏ်က ကိုယ့်နောက်ကို လိုက်အောင်ပဲ ကျိုးစားပါ။ ကိုယ့်လုပ်ရပ်ဟာ ဂုဏ်နဲ့ ထိုက်တန်တယ်ဆိုရင် အဲဒီဂုဏ်က ကိုယ့်ဆီအရောက် လာပါလိမ့်မယ်။
ပျားလိုမကျင့်ပါနဲ့ ပန်းလိုကျင့်ပါ။ ပန်းသည် ပင်ကိုယ်က အလှဂုဏ်နဲ့ ချိုမြိန်တဲ့ ၀တ်ရည်ရှိတဲ့အတွက် ပျားတွေက သူ့ဆီကို အလိုလိုလာကြတယ်။ ပျားကတော့ သူ့မှာ အဲဒီဂုဏ်သတ္တိမရှိတော့ ပန်းရှိရာနောက် ကို ပြေးလိုက်နေကြရတယ်။
ဂုဏ်မဲ့ခြင်းဟာ လူတွေအတွက် စိတ်ဓာတ်ကျဖို့ အကြောင်းပါပဲ။ ကိုယ်နဲ့ပတ်သက်ပြီး မကောင်း သတင်းတစ်ခုခုကြားရရင် စိတ်ဆင်းရဲရတယ်။ လူတိုင်းမှာ အပြစ်ကင်းတဲ့သူဆိုတာ မရှိပါဘူး။ ခြွင်းချက် ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ တက်နိုင်သမျှ ကောင်းတာတွေတော့ လုပ်ဖို့လိုတာပေါ့။
ကိုယ်ကိုယ်တိုင်က ဂုဏ်နဲ့ထိုက်တန်ခြင်းမရှိရင် ဂုဏ်ကတော့ မဲ့နေမှာပါပဲ။ အတက်နိုင်ဆုံးကောင်း အောင်နေနေတဲ့ကြားထဲက မကောင်းသတင်းပြောလာရင်တော့ အဲဒီပြောတဲ့သူတွေဟာ ခြွင်းချက်ကိုပဲ ကြည့်တတ်တဲ့သူတွေ ဖြစ်နေလို့ပါ။ အဲဒီတော့ ခွေးဟောင်တိုင်း လှည့်မကြည့်ပါနဲ့။ ကိုယ်လုပ်ရမယ့်၊ လုပ် သင့်တဲ့ အလုပ်ကိုပဲ ဆက်လုပ်ပါ။
Great men are often not known; even if they are known, they are mis-known.
ကြီးကျယ်မြင့်မြတ်တဲ့သူတွေမှာ မကျော်ကြားပါဘူး။ ကျော်ကြားရင်တောင်မှ မှားယွင်းပြီး ကျော် ကြားတာ ဖြစ်မယ်။ ဘာဖြစ်လို့လဲ ဆိုရင် သူတို့ဟာ ဂုဏ်ကို မမက်လို့ပါပဲ။
Great men are indifferent to fame or defame.
မြင့်မြတ်တဲ့သူတွေမှာ ဂုဏ်ရှိခြင်းနဲ့ မရှိခြင်းဟာ မကွဲပြားပါဘူး။ ဘာလို့လဲဆိုရင် သူတို့ဟာ သူများတွေ ဝေဖန်အပုတ်ချ မကောင်းပြောခြင်းကြောင့် ၀မ်းနည်းမှုမရှိပါ။ ကောင်းတာလာပြောလို့လဲ ဘ၀င်မမြင့်ပါ။ သူတို့ဟာ အလုပ်ကိုပဲ ကြည့်တတ်တယ်။ ရလာဒ်ကို ဂရုမစိုက်ပါဘူး။ ကိုယ်လုပ်နေတဲ့ အလုပ်ဟာ မှန်ကန်နေရမယ်။ ဒါပါပဲ။ ကျော်ကြားတဲ့သူလည်း ဂူထဲရောက်မယ်။ မကျော်ကြားတဲ့သူလည်း ဂူထဲရောက်မယ်။
Along we come, alone we go.
Non-attachment is happiness in this world.
ဂုဏ်ရှိခြင်းနဲ့ မရှိခြင်းအပေါ်မှာ စွဲလမ်းမှုမရှိမှာ ချမ်းသာအစစ်ကို ရမယ်။

No comments:
Post a Comment