တစ်နေ့မှာ ဇေတ၀န်ကျောင်းမှာ အရှင်မာလုကျပုတ္တက ဘုရားရှင်ကို လျှောက်တယ်။
"အရှင်ဘုရား၊ အောက်ပါအယူအဆတွေကို အရှင်ဘုရား
မဟောပဲ ထားခဲ့တယ်။ ဘာတွေလဲဆိုတော့ လောကကြီးက မြဲသ လား၊ မမြဲဘူးလား၊
အကန့်အသတ်ရှိလား၊ မရှိဘူးလား၊ ၀ိညာဉ်နဲ့ ကိုယ်ဟာ အတူတူလား၊ တစ်ခြားစီလား။
ဘုရားရှင် ပရိနိဗ္ဗာန် စံပြီးနောက် ဆက်လက်တည်ရှိနေမှာလား၊ မတည်ရှိတော့ဘူးလား။"
"အရှင်ဘုရားခု ဟောပေးမယ်ဆိုရင် တပည့်တော်
အရှင်ဘုရားထံမှာ မြင့်မြတ်တဲ့ဘ၀ကို ဆက်လက်ကျင့်သုံးမယ်။ မဟောဘူးဆိုရင်တော့
လူထွက်တော့မယ်။ ဆက်မကျင့်တော့ဘူး။"
"ဟဲ့ မာလုကျပုတ္တ၊ မင်းကို ရဟန်းဝတ်ပါ ငါ
ဒီအယူအဆတွေ ဟောပါမယ်လို့လည်း မပြောခဲ့ဘူး။ မင်းကလည်း 'ဘုရားက ဒီအယူအဆတွေကို
ဟောမယ်ဆိုလို့ ငါ ရဟန်းဝတ်လာတာ" မပြောခဲ့ဘူး။ ကိုယ့်သဘောနဲ့ကိုယ်ပါ။ ဆိုကြပါစို့၊ တစ်စုံ တစ်ယောက် ဘုရားရှင် ဒီအယူအဆတွေကို
မဟောမချင်း မြင့်မြတ်တဲ့ ဘ၀ကို မကျင့်ဘူးဆိုရင် ဒီအယူအဆတွေကို ငါဘုရား ဟောဖို့
ရည်ရွယ်ချက်မရှိတဲ့အတွက် ဒီကြားထဲမှာပဲ သေသွားလိမ့်မယ်။
ဥပမာအားဖြင့် မြားဆိပ်ဆူးဝင်နေတဲ့သူဟာ ဆရာဝန်က
မြှားကို ဆွဲနုတ်ပေးဖို့အရေးကို လက်မခံသေးပဲ "ဒီမြှားကို ဘယ်သူ ပစ်လိုက်တာလဲ၊
သူဌေးလား၊ ပုဏ္ဏားလား၊ မုဆိုးလား၊ အဖြူလား၊ အနီလား၊ ရှည်လား၊ တိုလား၊ အလယ်အလတ်လား၊ အနက် လား၊ ရွှေရောင်အသားအရေနဲ့လား၊ မြို့မှာနေတာလား၊ တောမှာနေတာလား၊ သူကိုင်တဲ့ လေးက
ဘယ်လိုပုံစံလဲ စသည်မေး တယ်။ ဒါကို မသိရမချင်း မြှားနုတ်ခွင့်မပေးဘူးဆိုရင် သေဖို့ပဲ
ရှိတယ်။
အဲလိုပဲ မင်းဟာလည်း ကိလေသာအညစ်အကြေးတွေကို
နုတ်ဖို့အရေး အရေးမပါတာတွေကို မေးနေရင် သေဖို့ပဲ ရှိတယ်။
လောကကြီးမြဲသည်ဖြစ်စေ မမြဲသည်ဖြစ်စေ သေချာတာကတော့
မွေးခြင်း၊ အိုခြင်း၊ သေခြင်း၊ စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်း ရဲခြင်း၊
စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူလောင်ခြင်းဆိုတဲ့ သဘောတရားတွေ ရှိနေပါတယ်။
မာလုကျပုတ္တ၊ ငါဘုရားမဟောကြားတဲ့အယူတွေရှိတယ်။
ငါဘုရားဟောကြားတဲ့အယူတွေရှိတယ်။ မင်းပြောတဲ့ အယူအ ဆတွေက ငါဘုရားမဟောကြားတဲ့
အယူအဆတွေပဲ။ ဘာလို့လည်းဆိုရင် မြင့်မြတ်တဲ့ဘ၀ရဲ့ အဓိက
အခြေခံအကြောင်း တရားတွေမဟုတ်လို့။ ရာဂကင်းခြင်း၊ ကိလေသာငြိမ်းခြင်း၊
ငြိမ်းချမ်းမူအစစ်၊ မဂ်ရကြောင်းပညာ၊ အရဟတ္တမဂ်ဥာဏ်နှင့် နိဗ္ဗာန် သို့ ဦးမတည်လို့ပါ။
ငါဘုရားဟောကြားတဲ့အယူအဆတွေက "ဒါတွေဟာ ဆင်းရဲခြင်း၊
ဒါတွေက ဆင်းရဲကြောင်းတရား၊ ဒါတွေက ဆင်းရဲ ချုပ်ကြောင်းတရား၊ ဒါကတော့ ဆင်းရဲချုပ်ရာ
နိဗ္ဗာန်" လို့ဟောတယ်။ ဘာကြောင့်လည်းဆိုရင် ဒီအယူတွေက အကျိုးရှိ တယ်။
မြင့်မြတ်တဲ့ဘ၀ရဲ့ အဓိကအကြောင်းတရားတွေ၊ နှစ်သက်ခြင်းကင်းခြင်း၊ ရာဂကင်းခြင်း၊
ကိလေသာချုပ်ခြင်း၊ မဂ်ပညာ၊ ဖိုလ်ပညာနှင့် နိဗ္ဗာန်သို့ ဦးတည်တယ်။
ဒါကြောင့် မာလုကျပုတ္တ၊ ငါဘုရားဟောတဲ့အယူအဆနဲ့
မဟောတဲ့အယူအဆကို သေချာမှတ်ထားပါ။
ဒီတော့မှ
မာလုကျပုတ္တလည်း ကျေနပ်သွားပါတော့တယ်။
No comments:
Post a Comment