လူတိုင်းမှာ ပြဿနာရှိတယ်။ ပြဿနာကင်းတဲ့ လောကဆိုတာ မရှိပါဘူး။ ကျွန်ပ်တို့အားလုံး ဟာ လောက မှာရှိတဲ့အရာအားလုံးကို ပြည့်ပြည့်စုံစုံ ချောချောမွေ့မွေ့နဲ့ ပြီးသွားလိမ့် မယ်လို့ ဘယ် သူမှ မျော်လင့်လို့မရ ပါဘူး။ လောကအခြေအနေအားလုံးအာ အမြဲတမ်း သင့်ဘက်မှာ မရှိပါဘူး။ ဒါကို သဘောပေါက်ဖို့လိုပါ တယ်။
သဘာဝအင်းအားစုဖြစ်တဲ့ နေရောင်ချည်၊ မိုး၊ လေ၊ လရောင်တွေဟာ လူတွေအတွက် အကူ အညီဖြစ် တယ်၊ အသုံးကျတယ်ဆိုသော်လည်း လိုအပ်တာထက်လွန်ကဲလာပြီဆိုရင်တော့ စိတ် အနှောက် အယှက်ဖြစ်စရာပါ။ ပြဿနာတွေကြုံတွေ့တိုင်းမှာ တော်တော်များများဟာ စိတ်ဆင်းရဲကြ တယ်။ ဒါဟာ မှားယွင်းတဲ့ဖြေရှင်းချက်ပါပဲ။ အခက်အခဲတွေ့လာရင် အဲဒီအခက်အခဲကို ဖြေရှင်းဖို့ အတွက် အရင်ဆုံး စိတ်ဆင်းရဲနေတာကို ဖြေလျှော့ဖို့ ဆုံးဖြတ်ရမယ်။ ပြဿနာဖြစ်လာရင် "ငါဟာ ပြဿနာတွေပြည့်နေ တဲ့လောကထဲရောက်နေတာပဲ။ ဒီတော့ ပြဿနာဆိုတာ တစ်နေ့မဟုတ်တစ်နေ့ ကြုံမှာပဲ" လို့ စဉ်းစား လိုက်ပါ။
ပြဿနာဆိုတာ တစ်ကိုယ်ကောင်းဆန်မူ၊ လိုချင်ဆန္ဒပြင်းပြမူတွေကြောင့် ဖြစ်တာပါ။ တစ်ကိုယ် ကောင်း ဆန်မူ၊ လိုချင်အားကြီးမူကြောင့် ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တော့ စိတ်ဆင်းရဲတယ်။ ဒီတော့ အကြောင်းဖြစ်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်လေးတွေ အရင်ဆုံးနှိမ်နင်းရမယ်။ နောက်ပြီး သူများ ရဲ့ ပြဿနာတွေနဲ့ ယှဉ်ကြည့်ပါ။ အော် သူတို့လည်း ပြဿနာရှိကြတာပဲ။ အချို့ဆိုရင် ငါ့ထက်တောင် များသေးတယ်။ ငါတစ်ယောက်တည်း ဖြစ်နေတာမဟုတ်ဘူးလို့ တွေးလိုက်ပါ။
ပြဿနာကြောင့် မပျော်ရွှင်တဲ့အခါ လောကကြီးဟာ ငါနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါလားလို့ ထင်ကောင်းထင် လိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့အရာအားလုံး ပြိုလဲနေတယ်လို့ ထင်မယ်။ ဘ၀လမ်းဆုံးဖို့ နီးနေပြီ လို့ ထင်လိမ့်မယ်။ သို့သော်လည်း သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေ ကို သေချာဂရုစိုက်ပြီး ကောင်းတဲ့ အချက်တွေကို ရေတွက်ကြည့်လိုက်တဲ့အခါ အံသြစွာပဲ သင်ဟာ သူများထက် ပိုကောင်းနေတာကို တောင် တွေ့ကောင်းတွေ့ရပါလိမ့်မယ်။
တရုတ်စကားပုံလေးတစ်ခုကတော့....
“If you have a big problem, try to reduce it to a small problem.
If you have a small problem, try to reduce it to no problem.”
သင့်မှာ ပြဿနာကြီးရှိနေရင် သေးအောင် ကျိုးစားပါ။ သေးရင် လုံးဝမရှိအောင် ကျိုးစားပါ။
ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပါ။ ပြဿနာတစ်စုံတစ်ခုနဲ့ ကြုံရင် အဲဒီပြဿနာကို ကျော်လွှားဖို့ နည်းလမ်း ကတော့ သေချာပေါက်ရှိမှာပဲ လို့တွေးပါ။ ၀မ်းမနည်းပါနဲ့။
ဖြေရှင်းစရာနည်းလမ်းမရှိတောင်မှ ၀မ်းနည်းစရာမလိုပါ။ ဘာကြောင့်လိုဆိုရင် ၀မ်းနည်းခြင်းဟာ သင့်ပြဿနာကို မဖြေရှင်းနိုင်လို့ပါပဲ။
No comments:
Post a Comment